DVB Logo
Home
မြန်မာသတင်း
တပ်စခန်းတည်ဆောက်မှု အလိုမရှိကြောင်း ဘီးလင်းဒေသခံ  ၁၀၀၀ နီးပါး ဆန္ဒပြ
DVB
·
January 24, 2021
တပ်စခန်းတည်ဆောက်မှု အလိုမရှိကြောင်း ဘီးလင်းဒေသခံ  ၁၀၀၀ နီးပါး ဆန္ဒပြ
Donate to DVB

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာမှာ တပ်မတော်က ကျေးရွာအနီးနဲ့ ကျေးရွာအတွင်း တပ်စခန်းတည်ဆောက်တာ​တွေကို အလိုမရှိကြောင်း ဒေသခံ အင်းအား ၁၀၀၀ နီးပါး ဇန်နဝါရီ ၂၄  ရက်နေ့က ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဇန်နဝါရီ ၂ ရက်နေ့က ဝင်းတာန်ပန်စခန်းနဲ့ ကြသောက်ဆိပ် စခန်းအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အပြင် ​လေးကေကျေးရွာအတွင်းက တပ်စခန်းမှာ  ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ စစ်ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာ၊ ဦးစောမြအေးက "တိုက်ပွဲဖြစ်တော့ ဒေသခံတွေကြောက်လန့်ပြီး ထွက်ပြေးရတယ်။ စစ်ပွဲနဲ့ပတ်သက်ပြီး စစ်ဘေးစစ်ဒဏ်ကို ဒေသခံတွေ ခံစားလာရတာ ကြာပြီ။ ဒီလိုမျိုးထပ်မဖြစ်ဖို့ ဆန္ဒထုတ်ဖော်ရတာ” လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တပ်မတော်က ကျေးရွာအတွင်း ညအချိန်ဖြတ်သန်းသွားလာတာတွေကို အချိန်ကန့်တာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နှစ်ဖက်လေးစားလိုက်နာရမယ့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခတွေ၊ ကျေးရွာအတွင်း တပ်စွဲထားတဲ့ တပ်စခန်းတွေ အလိုမရှိ၊

အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အစိုးရက ဖြေရှင်းပေးရေး၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးရေး  စတဲ့ ကြွေးကြော်သံ​တွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကျေးရွာပေါင်း ၁၄ ရွာက ဒေသခံပြည်သူ ၁၀၀၀ နီးပါးက မြစ်ကျိုးကျေးရွာကနေ လေးကေကျေးရွာအထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013