DVB Logo
Home
အာရှဒေသ
ပါကစ္စတန်ရဲ့ ပထမဆုံး အမျိုးသမီးသူရဲကောင်း
DVB
·
September 20, 2013
ပါကစ္စတန်ရဲ့ ပထမဆုံး အမျိုးသမီးသူရဲကောင်း
1 / 2
Donate to DVB

ဟောလ်ဝါပါ စိတ်ကူးယဉ်မြို့ကြီးထဲမှာ သူမက ညပိုင်းမှာ သူက မိန်းကလေးရဲ့ ပညာသင်ခွင့်ကို ပိတ်ပစ်ချင်နေကြတဲ့ လူဆိုးတွေကို တိုက်ခိုက်ဖို့ လှည့်ပတ် ပျံသန်းတတ်တယ်။ နေ့ပိုင်းမှာတော့ သူက ရီယာလို့ခေါ်တဲ့ ကရုဏာရှင် ကျောင်းဆရာမလေးတယောက်ပါ။

သူမက ကရာတေးလည်း တတ်တယ်။ စာအုပ်တွေနဲ့ ဖောင်တိန်ကို လက်နက်အဖြစ် သုံးပြီး တိုက်ခိုက်တယ်။ သူမက မုတ်ဆိတ်အမည်းနဲ့ ဘာဘာဘင်းဒူးလို့ ခ်ါတဲ့ မကောင်းဆိုးဝါး မှော်ဆရာလို ဆိုးသွမ်းသူတွေ အကျင့်ပျက်နိုင်ငံရေးသမားတယောက်ဖြစ်တဲ့  ၀ါဒီယို ပါရယ်ရိုကိုလည်း တိုက်ခိုက်တယ်။

ဒါက ပါကစ္စတန်မှာ လူကြိုက်များနေတဲ့ ကာတွန်းကားရဲ့ ဇာတ်လမ်းအကျဉ်းပါ။ ဒီဇာတ်လမ်းက ပါကစ္စတန်ရဲ့ ထိပ်တန်းပေါ့ပ်အဆိုတော်တယောက်ဖြစ်တဲ့ အာရွန်ဟာရွန်းရာရှစ် ရဲ့ တီထွင်ကြံဆမှုတခုပါ။

“သူကစိတ်ကူးထဲက ရီယာဆိုတဲ့ ကျောင်းဆရာမလေးပေါ့ဗျာ။ သူက လူဆိုးတွေကိုတိုက်ခိုက်တဲ့ အချိန်မှာ သူက မဟာသူရဲကောင်းတွေရဲ့နည်းလမ်းအတိုင်း ရုပ်ဖျက်ထားပါတယ်။”

ဟာရွန်းက အဲဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “အနက်ရောင်ဝတ် အမျိုးသမီး”ကိုလည်း ဆိုထားပါတယ်။ ဇာတ်လမ်းတွဲက အကြမ်းဖက်မှုတွေ၊ မိန်းကလေးတွေရဲ့ ပညာရေး၊ အမျိုးသမီး လုပ်ပိုင်ခွင့် အခွင့်အာဏာနဲ့ ငြိမ်းချမ်းရေးလို အကြောင်းအရာမျိုး တွေကိုလည်း တင်ပြပါတယ်။

ဖန်တီးသူက မနှစ်က တာလီဘန်သေနတ်သမားတွေက ဦးခေါင်းကို သေနတ်နဲ့ ပစ်တာ ခံခဲ့ရတဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ မာလာလာ ယူဆွတ်ဖိုင့်ရဲ့ သရုပ်မှန်ဘ၀ ကနေ စိတ်ကူးရယူထားခဲ့တာပါ။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ တီဗွီဂျာနယ်လ်လစ် ရှာဇတ်ခန် ကတော့ ဇာတ်ကောင် မိန်းကလေးကို ခေါင်းမြီးခြုံအ၀တ်ကို ၀တ်ဆင်တာဟာ မှားယွင်းတယ်လို့ ထင်ပါတယ်။

“ပါကစ္စတန် ရှေးရိုးစွဲ လူ့အဖွဲ့အစည်းမှာတော့ ခေါင်းမြီးခြုံအ၀တ်ကို ဖိနှိပ်မှု၊ စိတ်အားငယ်မှုနဲ့ စိတ်ကျမှုရဲ့ အမှတ်လက္ခဏာဖြစ်တယ်လို့ မြင်ကြပါတယ်။ ဒီ ကာတွန်းဇာတ်လမ်းတွဲမှာတော့ ခေါင်းမြီးခြုံအ၀တ်ကို သူရဲကောင်းအဖြစ် ပုံဖော်ထားခဲ့တာပါ။ ဒါကြောင့် ဇာတ်လမ်းတွဲရဲ့ ဦးတည်ချက် ပရိသတ်တွေအတွက် တင်ပြလိုက်တဲ့ သတင်းစကားက ရှုပ်ထွေးသွားစေခဲ့တယ်လို့ ပြောရမှာပေါ့ဗျာ။”

ဒါပေမယ့် ဇာတ်လမ်းတွဲအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုကတော့ အများကြီး ကောင်းတယ်လို့ မြင်ပါတယ်။ ခေါင်းမြီးခြုံ လက်စားချေသူကို ဒစ်စနေးရဲ့ မင်းသမီးလေးတွေထက်တော့ မိန်းကလေးတွေအတွက် ပိုပြီးကောင်းမွန်တဲ့ စံနမူနာယူထိုက်သူ ဖြစ်တယ်လို့ အတော်များများက မြင်ကြပါတယ်။

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ရတ်ရှာနာဟာရတ်ကတော့ လွန်ခဲ့တဲ့ ၂၉ နှစ်ကတည်းက  အစ္စလာမ်မာဘတ် စံပြကျောင်းက ဆရာမ တယောက်ပါ။

“နိုင်ငံရဲ့ နေရာအတော်များများမှာ ကျောင်းတွေ ဖောက်ခွဲ ဖျက်ဆီးတာခံနေရတဲ့ လက်ရှိ အခြေအနေ၊ ဆရာနဲ့ ဆရာမတွေ အန္တရာယ်မကင်းနိုင်တော့တဲ့ အခြေအနေမှာ ဒီဇာတ်လမ်းတွဲက ကမ္ဘာကို အပြုသဘောသတင်းစကား ပေးလိုက်တာပါပဲ။"

တာလီဘန်စစ်သွေးကြွတွေက  လွန်ခဲ့တဲ့ ၄ နှစ်တာကာလမှာ ပါကစ္စတန်မြောက်ပိုင်းက မိန်းကလေးကျောင်းပေါင်း ၈၀၀ ကျော်ကို ဗုံးခွဲဖျက်ဆီးပစ်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံလူဦးရေ ရဲ့ ထက်ဝက်ကျော်ဟာ စာမတတ်ကြပါဘူး။ ၁၀ နှစ်သမီး ဆီဒရာရှာယစ်ကတော့ ခေါင်းမြီးခြုံ  လက်စားချေသူဟာ သူရဲ့ သူရဲကောင်းအသစ်ပါပဲလို့ ပြောပါတယ်။

"ရီယာရဲ့ အခန်းကဏ္ဍက ဒီကာတွန်းရုပ်ရှင်ထဲမှာ တကယ် ကြီးကျယ်ပါတယ်။ သူက မိန်းကလေးတွေကို ကာကွယ်ဖို့နဲ့ ကျမတို့ရဲ့ ပညာသင်ကြားနိုင်ခွင့် အခွင့်အရေးတွေကို ကျမတို့ သိမြင်အောင်လုပ်ပေးတဲ့ ကြီးကျယ်ခမ်းနားတဲ့ အလုပ်ကို လုပ်တာပါပဲရှင်။"

ကာတွန်းကားကို လူကြိုက်များတဲ့အတွက် အခုဆိုရင် ပါကစ္စတန်မှာ တီရှပ်တွေနဲ့ တခြား ရောင်းကုန်ပစ္စည်းတွေကိုတောင် ကာတွန်းကားထဲ သူရဲကောင်းမလေးရဲ့ရုပ်ပုံတွေနဲ့ စတင်ရောင်းချနေကြပါပြီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013