DVB Logo
Home
မြန်မာသတင်း
ဗီဇာ ၄ နှစ်ပြည့်အလုပ်သမားများ အဖမ်းမခံရရေး စာရင်းပေးသွင်းရန် မြန်မာသံရုံးပြော
DVB
·
September 20, 2013
ဗီဇာ ၄ နှစ်ပြည့်အလုပ်သမားများ အဖမ်းမခံရရေး စာရင်းပေးသွင်းရန် မြန်မာသံရုံးပြော
Donate to DVB

ထိုင်းနိုင်ငံအတွင်း ၀င်ရောက်အလုပ်လုပ်ကိုင်နေတဲ့ ဗီဇာသက်တမ်း ၄ နှစ်ပြည့် မြန်မာနိုင်ငံသား အလုပ်သမားတွေ အဖမ်းဆီးမခံရရေးအတွက် သက်ဆိုင်ရာ အလုပ်သမားရုံးတွေမှာ ကြိုတင်အကြောင်းကြားပြီး စာရင်းပေးသွားကြဖို့ ထိုင်းနိုင်ငံ မြန်မာသံရုံး အလုပ်သမားဆက်ဆံရေး အရာရှိ ဦးကျော်ကျော်လွင်က ပြောပါတယ်။

[caption id="attachment_32996" align="alignright" width="300" caption="မဟာချိုင်ဒေသ ပင်လယ်ငါးဖန်းလုပ်ငန်းခွင်တခုတွင် တွေ့ရသည့် မြန်မာအလုပ်သမားအချို့ (ဓာတ်ပုံ - ရိုက်တာ)"][/caption]

“၄ နှစ်ပြည့်အလုပ်သမားတွေ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှာ စာရင်းပေးပြီး မှတ်ပုံတင်ထားရမယ်။ အဲဒီတော့မှ ကျနော်တို့က လုပ်တဲ့အခါမှာ အဆင်ပြေမယ်လေ။ အခုအချိန် စာရင်းသွားပေးထားပြီးရင် နိုဝင်ဘာမှ တခါတည်း ထုတ်ပေးမှာ။”

အလုပ်သမားတွေအနေနဲ့အလုပ်ရှင်နဲ့အတူ အလုပ်သမားရုံးတွေမှာ စာရင်းပေးပြီးရင် နယ်စပ်ပြန်ပြီး ပတ်စပို့ အ၀င်တုံး အထွက်တုံးတွေ ထုပြီး ပြန်ဝင်လာရမယ်လို့ ဦးကျော်လွင်က ပြောပါတယ်။

သက်တမ်း ၄ နှစ်ပြည့် အလုပ်သမားတွေ ဗီဇာသက်တမ်းတိုးနိုင်ဖို့အတွက် စခန်း ၅ ခုကို နိုဝင်ဘာလအတွင်း ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

“စခန်း ၅ ခုကတော့ ဖွင့်လှစ်ဖို့ သေချာပါတယ်။ နေရာတွေ သတ်မှတ်မယ်။ အောက်တိုဘာလအတွင်းမှာ နှစ်နိုင်ငံ ၀န်ကြီးအဆင့် အစည်းအဝေးလုပ်ပြီး လက်မှတ်ထိုးပြီးသွားရင် ပြီးပြီပေါ့။ နိုဝင်ဘာလမှာ စဖွင့်မှာပေါ့။”

ထိုင်းနိုင်ငံအတွင်းမှာ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ဗီဇာ ၄ နှစ်သက်တမ်း ပြည့်မယ့် အလုပ်သမားပေါင်း ၁ သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်နေ့က ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားတွေအတွက် ယာယီနိုင်ငံကူး လက်မှတ်လုပ်ပေးဖို့ ဖွင့်လှစ်ထားတဲ့ စခန်း ၁၁ ခုကို ပြန်လည်ပိတ်သိမ်းခဲ့ပေမယ့် စခန်းလေးခုကို ဆက်လက်ဖွင့်လှစ်ခဲ့ပါတယ်။

ချင်းမိုင်၊ မဟာချိုင်၊ စူရတ်ဌာနီ၊ ရနောင်း အဲဒီစခန်းတွေကို ဆက်လက်ဖွင့်လှစ်ပြီး အဲဒီစခန်းတွေမှာတော့ ပတ်စပို့သက်တမ်းတိုးတာတွေ၊ ပျက်စီးပျောက်ဆုံးတာတွေ ဆက်လက်လုပ်ပေးနေတယ်လို့ ဦးကျော်ကျော်လွင်က ဆိုပါတယ်။

ဗီဇာသက်တမ်းလွန် မြန်မာအလုပ်သမားတွေအနေနဲ့ စာရင်းမပေးသွင်းပါက ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ  တရက်ကို ဘတ် ၅၀၀ နှုန်းနဲ့ ရက်အနည်းအများအပေါ် မူတည်ပြီး ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်နဲ့ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားပေါင်း ၃ သန်းလောက်ရှိတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013