DVB Logo
Home
ကျန်းမာရေး
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ
DVB
·
January 23, 2021
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ
1 / 3
Donate to DVB

အခုထိဆို ကိုဗစ်ရောဂါ ဖြစ်ပွားနေတာ တစ်နှစ်ကျော်လာ ခဲ့ပါပြီ။ ဒါပေမယ့် အခုထိ ကမ္ဘာ အရပ်ရပ်မှာ ကိုဗစ်က ဖြစ်ပွားနေဆဲ ဖြစ်သလို သေဆုံးမှုတွေကလည်း ရှိနေဆဲပါ။ ကိုဗစ် ဖြစ်ပွားနေမှုနဲ့အတူ ကိုဗစ်ကာကွယ်ဆေးအပါအဝင် ကိုဗစ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း အပတ်တကုပ် ရှာဖွေမှုတွေ လုပ်နေကြပါတယ်။

ဒီရှာဖွေမှုတွေ၊ ကြိုးပမ်းမှုတွေရဲ့ ရလဒ်အနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကလည်း ကမ္ဘာ့နိုင်ငံ အချို့မှာ ထွက်ပေါ်လာခဲ့ပါတယ်။ စတင် ထိုးနှံမှုတွေကိုလည်း လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

ဒီတော့ လူတိုင်း သိချင်နေလောက်မယ့် ကာကွယ်ဆေး ထိုးနှံမှုနဲ့ ပတ်သက်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးသွား ပါမယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ



 

 

 

 

 

 

 

 

ကိုဗစ်ကို ကာကွယ်ဖို့အတွက် ကိုဗစ် ကာကွယ်ဆေးထိုးပြီးတဲ့အခါ

ကာကွယ်ဆေးထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ…..

ကိုဗစ် ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလည်း တုပ်ကွေးကာကွယ်ဆေးအပါအဝင် အခြားကာကွယ်ဆေးတွေ ထိုးပြီးတဲ့အခါ ခံစားရသလို

. ကိုယ်ပူတာ
. ဖျားတာ
. ချမ်းတုန်တာ
. ခေါင်းကိုက်တာ
. ခြေကုန်လက်ပမ်းကျတာ

ဆေးထိုးထားတဲ့နေရာမှာ

. နာတာ
. အဖုထတာ
. ရောင်ရမ်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါတွေကပုံမှန် ဖြစ်နိုင်တဲ့ လက္ခဏာတွေပါ။

ဒီလက္ခဏာတွေ သက်သာစေဖို့အတွက်

. ဆေးထိုးထားတဲ့နေရာကို ရေအေးဝတ်စသန့်သန့်လေး ကပ်ပေးတာ
. ရေခဲဝတ်ကပ်ပေးတာ
. လက်မောင်းလေ့ကျင့်ခန်းလုပ်တာတွေ လုပ်လို့ ရပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေက ၂၄ နာရီကြာတဲ့အထိ ဆေးထိုးတဲ့နေရာက နာတာ၊ ရောင်တာမပျောက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။

ဖျားတာ၊ ပင်ပန်းတာတွေကို သက်သာစေဖို့ဆိုရင်

. သောက်ရေ အပါအဝင် အရည် များများ သောက်တာ
. အနားယူတာ
. ချည်သား ပွပွချောင်ချောင်လေတွေ ဝတ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေက ရက်အနည်းငယ် ကြာတဲ့အထိ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။

ရောဂါဖြစ်ပြီးသူရော ထိုးလို့ရမလား……….

ကိုဗစ် ကူးစက်ပြီးသွားပြီဆိုရင် ကာကွယ်ဆေး ထိုးဖို့ မလိုတော့လောက်ဘူးလို့ ယူဆသူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုဗစ်က ရောဂါဖြစ်ပြီးသူတွေမှာ antibody ထွက်နေတဲ့ ၆ လအတွင်း ကူးစက်ခံရနိုင်ခြေ နည်းပေမယ့်။ ကိုဗစ်က ထပ်မံ ကူးစက်နိုင်တဲ့ ရောဂါ ဖြစ်တာကြောင့် ရောဂါ ဖြစ်ပြီးရင်တောင် ကာကွယ်ဆေး ထိုးဖို့က လိုပါဦးမယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးလိုက်ရင် ကိုဗစ် ဖြစ်သွားမှာလား……….

ကိုဗစ် ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ကိုဗစ် မဖြစ်ပါဘူး။ အကြောင်းကတော့ ကာကွယ်ဆေး ထုတ်ဖို့သုံးထားတဲ့ ပိုးတွေက သေပြီးသား ဒါမှမဟုတ် အားပျော့နေတဲ့ ဗိုင်းရပ်စ်ကို အသုံးပြုတာကြောင့်ပါ။

ကိုဗစ် ကာကွယ်ဆေးက messenger RNA (mRNA) ကို အသုံးပြုထားတဲ့ ကာကွယ်ဆေးပါ။ ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဝင်ရောက်လာတဲ့ ပုံစံတူ ဖန်တီးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးလာအောင် လုပ်တဲ့နည်းကို သုံးထားတာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးလိုက်လို့ ကိုဗစ် မဖြစ်ပါဘူး။

ကာကွယ်ဆေးက တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်မလား………

ကာကွယ်ဆေးက

. Pfizer-BioNTech ဆိုရင် ၂ ကြိမ်ထိုးရမှာဖြစ်ပြီး ပထမတစ်ကြိမ် ထိုးပြီး ၃ ပတ် ဒါမှမဟုတ် ၂၁ ရက်ကြာရင် နောက်တစ်ကြိမ် ထိုးရပါမယ်။
. Moderna ဆိုရင်လည်း ၂ ကြိမ် ထိုးရမှာ ဖြစ်ပြီး ပထမတစ်ကြိမ် ထိုးပြီး ၁ လ ဒါမှမဟုတ် ၂၈ ရက်ကြာရင် နောက်တစ်ကြိမ် ထိုးရပါမယ်။

ဘယ်သူတွေ ကိုဗစ်ကာကွယ်ဆေး မထိုးသင့်ဘူးလဲ………..



 

 

 

 

 

ကိုဗစ် ကာကွယ်ဆေးကို အခုလို အခြေအနေရှိသူတွေ မထိုးသင့်ပါဘူး။

. ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု ခံယူထားသူတွေ
. ကာကွယ်ဆေးနဲ့ ဓာတ်မတည့် ဖြစ်သူတွေ
. ကိုယ်ဝန်ဆောင် မိခင်တွေ
. နို့တိုက် မိခင်တွေ
. ကလေးငယ်တွေ
. အသက် ၁၈ နှစ် အောက်တွေ
. နာတာရှည်ရောဂါ ခံစားနေရသူတွေ
. ကိုဗစ်ရောဂါ လက္ခဏာ ခံစားနေရသူတွေ( လောလောဆယ်မှာ ကိုဗစ် ကူးစက်ခံထားရတယ်ဆိုရင် ရက်သတ္တပတ် ၄ ပတ် ကြာပြီးနောက်မှ ရောဂါလက္ခဏာတွေ ခံစားရတာ မရှိဘူး။ အဖျားလည်း သက်သာပြီဆိုမှ ဆေးထိုးဖို့ လုပ်ဆောင်ရပါမယ်။

အခု ပြောခဲ့တဲ့ အခြေအနေရှိသူတွေဟာ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ကာကွယ်ဆေးထိုးသင့်ပါတယ်။

ကာကွယ်ဆေး ထိုးပြီးသည့်တိုင် လိုက်နာရမယ့် ကိုဗစ် ကာကွယ်ရေး လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ လက်ဆေးတာ၊ အပြင်သွားတဲ့အခါ ပါးစပ် နဲ့ နှာခေါင်းစည်း တပ်ဆင်တာတွေကို ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီ အချက်တွေအပြင် လူစုလူဝေး ရှောင်ရှားတာ၊ အာဟာရ ပြည့်ဝအောင် စားသောက်တာ၊ အိပ်ရေးဝဝ အိပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။

ဒါမှ ကိုယ်တိုင်ကိုရော မိသားစုဝင်နေတဲ့ အနီးဝန်းကျင်က သူတွေကိုပါ ကိုယ့်ကြောင့် ကိုဗစ် မကူးစက်နိုင်အောင် အထိရောက်ဆုံး ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013