
ပန်းချီဆရာ သိုးထိန်းရဲ့ Disillusionment အမည်ရှိ တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၄ လမ်း အလယ်ဘလောက်က (Kalasa Art Space ကလသာ) အနုပညာပြခန်းမှာ ဖွင့်လှစ်ပြသနေပါတယ်။
ပန်းချီပြပွဲမှာ ခေတ်စနစ်အကြောင်းအရာတွေ၊ ဖြစ်ပျက်နေတဲ့ နိုင်ငံအရေးအခြေအနေမှာ ပန်းချီသိုးထိန်း ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို သူကြိုက်နှစ်သက်တဲ့ POP Art Style ဖန်တီးမှုမျိုးနဲ့ရေးဆွဲထားတဲ့ အရွယ်အစား ၄ ပေ ၃ ပေ၊ ၄ ပေ ၅ ပေနဲ့ ၄ ပေ ၉ ပေ အသီးသီးရှိကြတဲ့ ပန်းချီကားကြီး ၉ ကားကို ပြသ ထားပါတယ်။
အခု ပန်းချီပြပွဲကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက်ကနေ ၂၆ ရက်အထိ ၅ ရက်တိုင်တိုင် နေ့စဉ် မနက် ၁၁ နာရီမှ ည ၇ နာရီအထိ ပြသသွားမှာ ဖြစ်ပါတယ်။










