DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း ရေလယ်ကျွန်းတရွာလုံး ရေနစ်မြုပ်၊ စိုက်ပျိုးမြေများ ပျက်စီး
DVB
·
September 19, 2013
မကွေးတိုင်း ရေလယ်ကျွန်းတရွာလုံး ရေနစ်မြုပ်၊ စိုက်ပျိုးမြေများ ပျက်စီး
1 / 2
Donate to DVB

မကွေးတိုင်း သရက်မြို့နယ်နဲ့ အောင်လံမြို့နယ်တွေမှာ ရေကြီးမှုကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ် ရေနစ်မြုပ်ပြီး စိုက်ပျိုးမြေတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

[caption id="attachment_43573" align="alignright" width="300" caption="မင်းဘူးမြို့နယ် ရေကြီးစဉ်"][/caption]

မကွေးတိုင်း သရက်ခရိုင်အတွင်း အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ ရေလယ်ကျွန်းကျေးရွာမှာ ဧရာဝတီမြစ်ရေတက်မှုကြောင့် အခုလ ၁၇ ရက်နေ့ကတည်းက ကုန်းမြေမပေါ်တော့တဲ့အထိ တရွာလုံး ရေနစ်မြုပ်နေတယ်လို့ ဒေသခံရွာသား ဦးမြင့်အောင်က ပြောပါတယ်။

“တော်တော်လေး ရေကြီးတယ်။ တနေ့ကို တတောင်လောက် တက်သွားတယ်။ ကုန်းမြေမပေါ်တဲ့အထိ တက်သွားတယ်။ နီးစပ်ရာ ရွာတွေမှာ သွားနေကြရတယ်။ ကူညီကယ်ဆယ်ရေးကတော့ ကျနော်တို့ဆီမှာ မရှိဘူး။”

အလားတူ ရေလယ်ကျွန်းတဖက်ကမ်းမှာရှိတဲ့ အောင်လံမြို့နယ် ကံပေါက်ရွာမှာလည်း ရေကြီးမှု ဖြစ်ပွားနေပြီး သီးနှံစိုက်ပျိုးမြေတွေ နစ်မြုပ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“အင်းပေါက်ရွာမှာ အိမ်ခြေ ၁၉၀ ကျော်ရှိတဲ့ထဲက ၄၀ ကျော်လောက် ရေမြုပ်တယ်။ အခုလောလောဆယ် ရေဘေး ကူညီကယ်ဆယ်ရေးတွေ လာရောက်တာ မရှိသေးဘူး။ ကျနော်တို့ နီးစပ်ရာ ဆွေးမျိုးတွေဆီမှာ ဒီလိုပဲ ကပ်ပြီး နေကြတယ်။ ဧက ၃၀၀ လောက်တော့ လယ်တွေ နစ်မြုပ်တယ်။ စပါးရယ်၊ ပြောင်းရယ်၊ ၀ါရယ်၊ ပဲသီးရယ်ပေါ့။”

[caption id="attachment_43574" align="alignright" width="300" caption="ရတနာပုံတက္ကသိုလ် ရေကြီးစဉ်"][/caption]

ရေလယ်ကျွန်းတရွာလုံး ရေမမြုပ်ခင် စက်တင်ဘာလဆန်း  ၇ ရက်နေ့လောက် ကတည်းကစပြီး  ရေတက်ပြီး စိုက်ပျိုးမြေ ရေနစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီဒေသတ၀ိုက်မှာ ထွက်ရှိတဲ့ ပြောင်းဖူး၊ မြေပဲနဲ့ ကန်ဇွန်းအစရှိတဲ့ စိုက်ပျိုးသီးနှံတွေကို သရက်၊ အောင်လံစတဲ့ မြို့တွေကို ဖြန်ဖြူးရောင်းချကြတာဖြစ်ပါတယ်။

အခုလိုစိုက်ပျိုးမြေတွေ ရေကြီးပျက်စီးမှုကြောင့် ဒေသခံတွေ စားဝတ်နေရး အခက်ကြုံမယ့် အနေအထားဖြစ်နေတယ်လို့ ပြောပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  ဧရာဝတီမြစ်ရေမြင့်တက်နေပြီး မကွေးတိုင်း၊ မကွေး၊ မင်းဘူးမြို့နယ်တွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီဒေသတွေမှာ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ရေကြီးဖူးပေမယ့် ဒီနှစ်လောက် ရေမကြီးခဲ့ဘူးလို့ ပြောပါတယ်။
ရေကြီးမှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ စာသင်ကျောင်းလည်း ပိတ်ထားရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၁ ပတ်လောက်ကတည်းက မိုသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်ပြီး မန္တလေးတိုင်းနဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းက မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့မှာတော့ မြို့နယ်တချို့ ရေကြီးတာ တန့်သွားပေမယ့် ရေလုံးဝကျသွားတာ မရှိသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013