DVB Logo
Home
Lead Story
ယဉ်လက်ပါဝင်သရုပ်ဆောင်ထားသည့် စောလားထော်ဝါးသီချင်းသစ်-“အထင်မလွဲနဲ့”(ရုပ်သံ)
DVB
·
January 22, 2021
ယဉ်လက်ပါဝင်သရုပ်ဆောင်ထားသည့် စောလားထော်ဝါးသီချင်းသစ်-“အထင်မလွဲနဲ့”(ရုပ်သံ)
Donate to DVB

       “ကိုယ့်ရင်ထဲက ချစ်စိတ်လေးများ… မင်းအပေါ် ဘယ်တော့မှ ကိုယ်ဟာ မပြောင်း လဲဘူးနော်… မင်းထင်ထားခဲ့တာ… မြင်သွားခဲ့တာ… မဟုတ်ပါဘူး… အထင်မလွဲနဲ့… စိုး ရိမ်တတ်တဲ့… မင်းအကျင့်လေးများ… အပြစ်မယူတော့ပါ… ကိုယ်ဟာ မင်းအတွက် ဖြစ် မှာ… ကိုယ့်ဘဝထဲကို အေးဆေးဝင်ခဲ့ပါ… ဟိုးအရင်လို… အထင်မလွဲနဲ့”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ မြန်မာအိုင်ဒေါစတား တေးသံရှင် စောလားထော်ဝါးရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်ပေါ် ရေပန်းစားနေခဲ့ပါတယ်။

       “အထင်မလွဲနဲ့”လို့ အမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ တေးရေး အဆိုတော် ဟဲလေးက ရေးဖွဲ့ပေးထားခဲ့တာ ဖြစ်ပါတယ်။

       စောလားထော်ဝါးဟာ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပခဲ့တဲ့ ၂၀၁၆ ခုနှစ် မြန်မာ အိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ Winner ဆုရရှိခဲ့သူတဦးဖြစ်ကာ မင်းသိနိုင်မလားအမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်နဲ့အတူ တခြားအတွဲသီချင်းခွေတွေမှာလည်း ပါဝင်သီ ဆိုနေတဲ့ တေးသံရှင်တဦး ဖြစ်ပါတယ်။

       “တွေ့လိုက်ရင် မဟုတ်သလိုနဲ့… အနားမှာ ဝဲနေမြဲ… နင်ချစ်တတ်လွန်းတာ ငါ ရိပ်မိတယ်… မငိုပါနဲ့… ကောင်မလေးရေ… ကိုယ့်အနားမှာ မင်းကို ခေါ်ထားပြီးတော့… မငိုပါနဲ့… ကောင်မလေးရေ… ကိုယ့်အနားမှာ မင်းကို ခေါ်ထားပြီးတော့… အရိပ်တ ကြည့်ကြည့် ချစ်မယ်”

       ဟဲလေးရဲ့ တေးလက်ရာတွေအတိုင်း နူးညံ့တဲ့ တေးသွားစာသားတွေနဲ့ ဒီသီချင်း မြူးဇစ်ဗီဒီယိုကိုတော့ ချစ်သူ ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းပုံစံ ရိုက်ကူးထားခဲ့တာ ဖြစ် ပြီး စောလားထော်ဝါးနဲ့ သရုပ်ဆောင်မင်းသမီး ယဉ်လက်တို့က အတွဲညီညီ ပါဝင်ထားခဲ့ ကြတာ ဖြစ်ပါတယ်။

       ဒီသီချင်းကိုတော့ တရက်အတွင်း စောလားထော်ဝါးရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှု ကွန်ရက်ပေါ် ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၅ သောင်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013