DVB Logo
Home
မြန်မာသတင်း
ကော့သောင်းထောင် အကျဉ်းသားပြောင်းရွှေ့မှု မိသားစုများ စိုးရိမ်
DVB
·
September 19, 2013
Donate to DVB

တနင်္သာရီတိုင်း  ကော့သောင်းမြို့ အကျဉ်းထောင်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ထောင်တွင်း ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက်  အကျဉ်းသားတွေကို ရုတ်တရက်  ထောင်ပြောင်းရွှေ့လိုက်တဲ့ အတွက် အကျဉ်းသားတွေရဲ့မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေကြပါတယ်။

ကော့သောင်းအကျဉ်း ထောင်အာဏာပိုင်တွေက အကျဉ်းသား ၁၇၀ လောက်ကို မနေ့  ညနေပိုင်းက  သင်္ဘောဆိပ်ကနေ ပြောင်းရွှေ့ဖို့အတွက် ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး  ဘယ်ထောင်ကို ပြောင်းရွှေ့မှန်းမသိကြရတဲ့အတွက်  အကျဉ်းသားတွေရဲ့ မိသားစုတွေက စိုးရိမ်ပူပန်နေကြတာပါ။

အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာ ထောင်ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသားတွေအတွက် စားစရာတွေ၊ အဝတ်အစားတွေနဲ့ သုံးစွဲဖို့ ငွေကြေး  ဘာတခုမှ မပေးလိုက်ရဘူးလို့  အကျဉ်းသားမိခင်တဦးက ပြောပါတယ်။

အကျဉ်းသားတွေထဲမှာ တချို့ဆိုရင် လွတ်ရက်အရမ်း နီးကပ်နေကြပြီလို့လည်း အကျဉ်းသားတဦးရဲ့ အစ်မဖြစ်သူက ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့က အကျဉ်းသား ၂ ယောက် ရန်ဖြစ်တာကို ထောင်အာဏာပိုင်က  ခေါ်ယူအပြစ်ပေးတာဟာ ကြမ်းတမ်းလွန်းတာကြောင့် ကျန်ထောင်သားတွေက မကျေမနပ်ဖြစ်ကြပြီး စက်တင်ဘာ ၁၅ ရက်နေ့မှာ ဆန္ဒပြ အော်ဟစ်ခဲ့ကြပြီးနောက် အခုလို ပြောင်းရွှေခဲ့တာ ဖြစ်ပါတယ်။

အကျဉ်းသားတွေကို အင်းစိန်ထောင်နဲ့ တခြားထောင်တွေကို ပို့ဆောင်လိုက်တယ်လို့ သတင်းတွေ ထွက်နေပေမယ့်  ဒီသတင်းနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရဖို့  ကြိုးစားပေမယ့် ကော့သောင်းအကျဉ်းထောင် တာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

စက်တင်ဘာလ ၁၅ ရက်နေ့က အကျဉ်းသားတွေ ဆန္ဒပြတာကို ထောင်အာဏာပိုင်က သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ရာကနေ အကျဉ်းသား ၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၇ ဦးကို ကော့သောင်းဆေးရုံကို ပို့ဆောင်ကုသခဲ့ပါတယ်။ အဲဒီထဲက မြိတ်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ဒဏ်ရာပြင်းထန်တဲ့ ၁ ဦးလည်း စက်တင်ဘာ ၁၇ ရက်နေ့က သေဆုံးသွားတယ်လို့ သိရပါတယ်။

ဆန္ဒပြအကျဉ်းသားတွေကို မပို့ဆောင်ခင်က ကော့သောင်းထောင်ထဲမှာ  အကျဉ်းသား ၆၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

သတင်း အပြည့်အစုံ နားဆင်ရန်


Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013