DVB Logo
Home
သတင်းတို
ကမ္ဘောဇဘဏ် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းက ပေးသည့် ဆု ၂ ဆုရ
DVB
·
September 19, 2013
ကမ္ဘောဇဘဏ် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းက ပေးသည့် ဆု ၂ ဆုရ
Donate to DVB

မြန်မာနိုင်ငံမှာ ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားပြီး ဖောက်သည် အများဆုံးရထားတဲ့ ကမ္ဘောဇဘဏ်ဟာ ကမ္ဘာ့ငွေကြေးအဖွဲ့အစည်း World Finance က ချီးမြှင့်တဲ့ Best Commercial Bank in Myanmar (2013) ဆုနဲ့ Best Banking Group in Myanmar (2013) ဆု ချီးမြှင့်ခံရကြောင်း ဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ဒီဗွီဘီ ကို ပြောပါတယ်။

ခုလို ဆုနှစ်ဆု ချီးမြှင့်ခံရတာဟာ မြန်မာနိုင်ငံမှာ ဘဏ်ခွဲအများဆုံး ဖွင့်လှစ်နိုင်တာ၊ အပ်နှံငွေ အများဆုံးရရှိတာ၊ ၀န်ဆောင်မှု ပေးရာမှာ ကောင်းမွန် အောင်မြင်တာ၊ အစိုးရဆီကို အခွန်ဆောင်တဲ့ ထိပ်တန်း ကုမ္ပဏီထဲ ပါဝင်တာ စတဲ့အချက်တွေကြောင့် ဖြစ်ကြောင်း သိရပါတယ်။

ဒီကနေ့အချိန်ထိ ကမ္ဘောဇ ဘဏ်ဟာ မြန်မာတနိုင်ငံလုံးမှာ ဘဏ်ခွဲပေါင်း ၁၂၁ ခု ဖွင့်လှစ်ထားနိုင်ပြီး မီနီဘဏ်ခွဲပေါင်းကတော့ ၄၀ ကျော် ရှိနေပြီလို့ ဦးသန်းလွင်က ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013