DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့ကို ဖြတ်သန်းသွားလာမည့်သူအားလုံးကို ကိုဗစ်-၁၉ စစ်ဆေးမည် 
DVB
·
January 20, 2021
ဖလမ်းမြို့ကို ဖြတ်သန်းသွားလာမည့်သူအားလုံးကို ကိုဗစ်-၁၉ စစ်ဆေးမည် 
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ဖြတ်သန်းသွားလာသူအားလုံးအနေနဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က စတင်ကာ ကိုဗစ်-၁၉ ပိုးရှိမရှိစစ်ဆေးနေပြီး Negative အဖြေထွက်ရှိမှသာ ဖြတ်သန်းသွားလာခွင့် ပြုတော့မယ်လို့ သိရပါတယ်။

အရင်က ဖလမ်းမြို့ကို ဖြတ်သန်းသွားလာတဲ့ ကုန်တင်ယာဉ်မောင်းသူတွေနဲ့ ယာဉ်နောက်လိုက်တွေကိုသာ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့ပြီး တခြားခရီးသွားပြည်သူတွေကိုတော့ သက်ဆိုင်ရာမြို့နယ်တွေဆီကနေ ကျန်းမာရေးထောက်ခံစာဖြင့် ဖြတ်သန်းခွင့်ပြုခဲ့တာပါ။

အခုအချိန်မှာတော့ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအပြင် ဖလမ်းမြို့ကို ဖြတ်သန်းသွားလာမယ့် ခရီးသည်‌အားလုံးကိုလဲ ကျန်းမာရေးထောက်ခံစာနဲ့တင်မလုံလောက်ပဲ မြို့ဝင်စစ်ဆေးရေးဂိတ်မှာ ကိုဗစ်ပိုးရှိမရှိစစ်ဆေးပြီး Negative အဖြေထွက်ရှိမှသာ ဖြတ်သန်းခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

"အရင်က ဖြတ်သန်းသွားလာမယ့် ကုန်ကားသမားတွေကိုပဲ စစ်ဆေးပေးတယ်။ နယ်က လာသူတွေဆိုရင် ကျန်းမာရေးထောက်ခံချက်ပါလာရင် ဖြတ်သန်းခွင့်ပေးတယ်။ အခု အဲ့လိုလုပ်လို့ မရတော့ဘူး။ နယ်က ခရီးသည်တချို့က ဖလန်းကဆင့် ဟားခါးသွားမယ်၊ ထန်တလန်သွားမယ် ဆိုပြီး လိမ်ညာဝင်လာတာတွေ ရှိနေတော့ သေချာစိစစ်ဆောင်ရွက်ရတော့တာ။ ဒါကလည်း ဒေသတွင်းကူးစက်မှုတွေ ပိုပြီးများပြားလာမှာကို ကာကွယ်တဲ့ သဘောဖြစ်ပါတယ်" လို့ ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး ဦးကြားအွယ်က ပြောပါတယ်။

စစ်ဆေးရာမှာ ကိုဗစ် Positive အဖြေထွက်တဲ့ လူနာတွေကိုတော့ ဖလမ်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

"ဖလမ်းခရိုင်ထဲမှာ ကိုဗစ်လူနာက နေ့စဉ်လိုလိုတွေ့နေပြီ ဖြစ်တယ်။ ကုန်တင်ကားသမား တွေမှာ ပိုးတွေ့လူနာ နေ့စဉ် တစ်ယောက်စ၊ နှစ်ယောက်စ‌ တွေ့ရတယ်။ ခရီးက ပြန်လာသူတွေ ထဲမှာလည်း ပိုးတွေ့တာတွေ များလာတယ်" လို့ ဖလမ်းခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ တလွန်ကျုံးထန်က ပြောပါတယ်။

အခုလို ဖလမ်းမြို့ ဖြတ်သန်းသွားလာမယ့်သူအားလုံး ကိုဗစ်‌စစ်ဆေးရမယ့် အစီအစဉ်ကို ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီရဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။

ဖလမ်းမြို့မှာ ဇန်နဝါရီလ ၁၉ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈ ယောက်ရှိနေပြီဖြစ်ပြီး လက်ရှိ‌မှာတော့ ဆေးရုံတက်ရောက်ကုသနေသူ ၁၀ ယောက် ရှိနေပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013