DVB Logo
Home
မြန်မာသတင်း
စတုတ္ထအကြိမ် ကိုဗစ်ထောက်ပံ့ကြေးမရသူများအတွက် အစိုးရက ထောက်ပံ့ငွေပေးရန် စီစဉ်
DVB
·
January 20, 2021
စတုတ္ထအကြိမ် ကိုဗစ်ထောက်ပံ့ကြေးမရသူများအတွက် အစိုးရက ထောက်ပံ့ငွေပေးရန် စီစဉ်
Donate to DVB

အစိုးရပေးအပ်တဲ့ စတုတ္ထအကြိမ် ကိုဗစ်ထောက်ပံ့ကြေးပေးတဲ့အစီအစဉ်မှာ ကျန်ခဲ့တဲ့သူတွေနဲ့ ကိုဗစ်-၁၉ ကြောင့် စားဝတ်နေရေးခက်ခဲပြီး ထောက်ပံ့ကြေးပေးဖို့ လိုအပ်နေသူတွေကို စိစစ်နေပြီး မကြာမီထောက်ပံ့ကြေးတွေပေးသွားဖို့ စီစဉ်နေတယ်လို့    ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို   အစိုးရက  ၂၀၂၀ နိုဝင်ဘာလက  စတုတ္ထအကြိမ်အနေနဲ့  ထောက်ပံ့ပေးခဲ့တာပါ။ ဒီလို ထောက်ပံ့ကြေးပေးရာမှာ မပါဘဲ ကျန်ခဲ့လို့တိုင်ကြားထားတွေလည်း ရှိပါတယ်။

ဒါ့အပြင်   အခြေခံလူတန်းစားအိမ်ထောင်စုစာရင်းမှာ အရင်ကမပါပေမယ့်  ကိုဗစ်-၁၉ ကပ်ရောဂါကာလရှည်ကြာလာတာကြောင့် လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတဲ့ အိမ်ထောင်စု တွေက ထောက်ပံ့ကြေးလိုအပ်တယ်လို့   ထွေ၊အုပ်ဦးစီးဌာနကို တင်ပြထားတာတွေ လည်းရှိပါတယ်။

ဒါတွေကို  လက်ရှိမှာ စိစစ်နေပြီး  မကြာမီ  ထောက်ပံ့ကြေးပေးသွားမယ်လို့သိပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက “တနိုင်ငံလုံးကို ထပ်ပေးတဲ့ သဘောမဟုတ်ပါဘူး။  အရင်က ကျန်ခဲ့တဲ့သူတွေနဲ့    ကပ်ရောဂါကာလရှည်ကြာလာလို့ ထောက်ပံ့ကြေးလိုချင်တယ်လို့ တောင်းခံတင်ပြထားတဲ့သူတွေကို ပေးမှာပါ။ လက်ရှိ ပြည်နယ်၊တိုင်း အလိုက်စိစစ်နေပါတယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့   အခြေခံလူတန်းစားအိမ်ထောင်စုတွေကို  နိုင်ငံတော်အစိုးရက   ထောက်ပံ့ပေးတဲ့  အစီအစဉ်အရ    ပထမ အကြိမ်မှာ စုစုပေါင်း အိမ်ထောင်စု ၅ ဒသမ၄ သန်း နီးပါးကို  အခြေခံစားကုန် ၅ မျိုးစီ၊ ဒုတိယအကြိမ်မှာအိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းနီးပါးကို ငွေကျပ် ၄၀၀၀၀ တတိယအကြိမ်မှာအိမ်ထောင်စုပေါင်း ၅ဒသမ ၇ သန်းနီးပါးနဲ့  စတုတ္ထ အကြိမ်မှာ အိမ်ထောင်စုပေါင်း ၆ ဒသမ ၁ သန်းနီးပါးကို ထောက်ပံ့ပေးထားတယ်လို့   ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။

ကိုဗစ်-၁၉ ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို ထောက်ပံ့ ခဲ့တာ စတုတ္ထအကြိမ်အထိဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ် ၅၆၈ ဒသမ ၆၄ ဘီလီယံ အထိ ရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013