DVB Logo
Home
မြန်မာသတင်း
လူစွမ်းကောင်း Thor ရုပ်ရှင်ကားသစ်တွင် Matt Damon ပါဝင်၊ ရိုက်ကူးရေးမစခင် ကွာရန်တင်း ဝင်နေ
DVB
·
January 20, 2021
လူစွမ်းကောင်း Thor ရုပ်ရှင်ကားသစ်တွင် Matt Damon ပါဝင်၊ ရိုက်ကူးရေးမစခင် ကွာရန်တင်း ဝင်နေ
Donate to DVB

နာမည်ကျော် စူပါဟီးရိုးရုပ်ရှင်ကားတကားဖြစ်တဲ့ Thor ရုပ်ရှင်ကားရဲ့ လေးကား မြောက် Thor: Love And Thunder ရုပ်ရှင်ထဲမှာ ဟောလိဝုဒ်စတား သရုပ်ဆောင်မင်း သား Matt Damon ပါဝင်သွားဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ သူဟာ ဩစတေးလျနိုင်ငံကို ရောက်ရှိနေပြီး ရိုက်ကူးရေးလုပ်ငန်း တွေ မစတင်ခင်မှာ မိသားစုနဲ့အတူ ကွာရန်တင်းဝင်နေရတယ်လို့ သိရပါတယ်။

Matt Damon ဟာ ပြီးခဲ့တဲ့ Thor: Ragnarok  ရုပ်ရှင်ကားထဲက ပြဇာတ်ဇာတ်ဝင် ခန်းထဲမှာ Loki နေရာက ပါဝင်ခဲ့တာကို တွေ့ခဲ့ရပြီး ခုကားသစ်ထဲမှာတော့ ဘယ်နေရာ က ပါဝင်သွားမလဲဆိုတာ မသိရသေးပါဘူး။

ဒီကားထဲမှာတော့ လူစွမ်းကောင်း Thor အနေနဲ့ ဩစတေးလျသရုပ်ဆောင် မင်း သား Chris Hemsworth ကပဲ ပြန်လည်ပြီးတော့ ပါဝင်မှာဖြစ်ကာ နာမည်ကျော် သရုပ် ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Natalie Portman ၊ Christian Bale ၊ Chris Pratt ၊ Tessa Thompson နဲ့ Jaimie Alexander တို့လည်း ပါဝင်ထားကြပါတယ်။

ပထမဆုံးသော Thor ရုပ်ရှင်ကိုတော့ ၂၀၁၁ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီးနောက် အောင်မြင်မှုတွေ ရရှိခဲ့ကာ နောက်ဆက်တွဲရုပ်ရှင်ကားတွေဖြစ်တဲ့ Thor: The Dark World(2013) နဲ့ Thor: Ragnarok(2017) ရုပ်ရှင်ကားတွေထိ ဆက်တိုက်အောင်မြင်မှု တွေ သိမ်းပိုက်နိုင်ခဲ့တာပါ။

ခုနောက်ထပ် လေးကားမြောက် Thor: Love And Thunder ရုပ်ရှင်ကိုတော့ Jojo Rabbit(2019) ရုပ်ရှင်နဲ့ လူသိများပြီး ပြီးခဲ့တဲ့ Thor: Ragnarok (2017) ရုပ်ရှင်ကားကို လည်း ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Taika Waititi က ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါ တယ်။

ဒီကားကိုတော့ လာမယ့် ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့မှာ ရုံတင်ပြသနိုင်ဖို့ ကြေငြာ ထားခဲ့ပြီး အရင်ကားတွေလိုပဲ Box Office မှာ ရုံတင်ဝင်ငွေစံချိန်ချိုးနိုင်မလား၊ ဘယ်လို ထူးခြားတဲ့ ဇာတ်ကောင်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေ ပါဝင်လာမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013