DVB Logo
Home
မြန်မာသတင်း
ဟံသာဝတီ လေဆိပ်စီမံကိန်းကြောင့် အိမ်ခြံမြေဈေးတက်
DVB
·
September 18, 2013
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အနီးမှာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းနဲ့ စက်မှုဇုန် ဒီစီမံကိန်းတွေကြောင့် အိမ်ခြံမြေဈေးတွေ တက်နေပါတယ်။

ပဲခူးမြို့ဝန်းကျင်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း၊ စက်မှုဇုန်စီမံကိန်းတွေ၊  မြို့ပြအိမ်ရာဖွံ့ဖြိုးရေးစီးမံကိန်းနဲ့ အထူးစိုက်ပျိုးမြေစီမံကိန်းတွေ အကောင်အထည်ဖော်နေတာကြောင့် ခုလိုအိမ်ခြံမြေဈေးတွေ တက်လာတာဖြစ်ပါတယ်။

ပဲခူးမြို့စွန်ဖျားက မြေဈေးတွေဟာ အရင်က ပေ ၈၀x၁၀၀ ခြံမြေတွေကို ကျပ်ငွေ နှစ်သိန်း သုံးသိန်းလောက်သာရှိခဲ့ရာက စီမံကိန်းတွေကြောင့် တဖြည်းဖြည်း တက်လာရာက အခုဆိုရင်ပေ ၁၀၀ ၀န်းကျင်ကို ကျပ်သိန်း ၁၀၀၀ ကျော်အထိ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

လေဆိပ်စီမံကိန်းပတ်ဝန်းကျင်မှာ နေထိုင်တဲ့  ပဲခူးမြို့ခံတဦးဖြစ်တဲ့ ကိုကျော်သူမင်းကတော့ လက်ရှိ ပဲခူးအိမ်ခြံမြေဈေးဟာ ဒီနှစ်မှာ ၁ ဆခွဲလောက်ထပ်တက်ပြီး အ၀ယ်လိုက်ရင် ဆက်တက်သွားဖွယ်ရှိတယ်လို့ ပြောပါတယ်။

လေဆိပ်သွားရာလမ်း၊ မြို့ရှောင်လမ်း၊ ဆည်မြောင်းလမ်း၊ ပဲခူး-မန္တလေးလမ်းနဲ့ ပဲခူးမြို့အဝင် စီမံကိန်းဘက်မြေကွက်တွေဟာ ဈေးနှုန်း အတက်ဘက်ကိုဦးတည်နေတဲ့ နေရာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင်တွေကလည်း  ပဲခူးမြို့ရဲ့ အိမ်ခြံမြေဈေးတွေကို စိတ်ဝင်စားပြီး တချို့ဝယ်ရောင်းသမားတွေက ဈေးကစားနေတဲ့အတွက် စောင့်ကြည့်ရမယ့် အခြေအနေဖြစ်တယ်လို့ ရန်ကုန် အိမ်ခြံမြေဈေးကွက်မှ ပြည်တော်သစ်အိမ်ခြံမြေအကျိုးဆောင် ဦးကောင်းခန့်က ပြေပါပါတယ်။

နိုင်ငံတကာ ၀င်ပေါက်သစ်တခုဖြစ်လာမယ့် ပဲခူးမြို့ရဲ့ ဟံဟာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက တည်ဆောက်ဖို့ လျာထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လဆန်းပိုင်းကမှ  တောင်ကိုရီးယား အင်ချွန် (Incheon ) ကုမ္ပဏီ အုပ်စုကို အမေရိကန်ဒေါ်လာ ၁ဒသမ၁ဘီလျံတန်ဖိုးရှိတဲ့  လေဆိပ် စီမံကိန်းအကောင် အထည်ဖော်ဖို့ တင်ဒါချပေးခဲ့တာဖြစ်ပြီး လာမယ့် ၂၀၁၇ မှာစီမံကိန်းကို အပြီးဆောက်လုပ်နိုင်ဖို့ မျှော်မှန်းထားတာလည်း ဖြစ်ပါတယ်။

အပြည့်အစုံ နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013