DVB Logo
Home
မြန်မာသတင်း
ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွား
DVB
·
September 18, 2013
ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွား
1 / 2
Donate to DVB

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မင်းဘူး၊ ပြည်၊ အောင်လံ၊ မကွေး မြို့နယ်တွေမှာ  ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ရေမြင့်တက်နေတဲ့အတွက် ဒေသခံတွေရေ ဘေးဒုက္ခနဲ့ ရင်ဆိုင်နေရပါတယ်။

[caption id="attachment_43531" align="alignright" width="300" caption="မင်းဘူးမြို့ ရေးကြီးနေစဉ်"][/caption]

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  ဧရာဝတီမြစ်ရေမြင့်တက်နေပြီး မကွေးတိုင်း၊ မကွေး၊ မင်းဘူး၊ အောင်လံ နဲ့ ပဲခူးတိုင်း ပြည်မြို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာပါ။

မင်းဘူးမြို့မှာဆိုရင် အခုလ ၁၄ ရက်နေ့ကတည်းက ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး အခုချိန်ထိ ရေမကျသေးဘဲ ဆက်လက်မြင့်တက်နေတယ်လို့ မင်းဘူးမြို့မှာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေက ပြောပါတယ်။

ရေကြီးမှုကြောင့် ကမ်းနားရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၃ နဲ့ ၄ ရပ်ကွက်တွေမှာ ရေကြီးရေလျှံပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားရတယ်လို့ ကိုဇော်ဖေက ပြောပါတယ်။

ရေကြီးမှုကြောင့် ရေကြီးရပ်ကွက်တွေက ကျောင်းတွေပိတ်ထားရပြီး အမှတ် ၁ ကျောင်းကို လည်း ကယ်ဆယ်ရေးစခန်းဖွင့်လင့်ထားတာကြောင့် ကျောင်းပိတ်ထားရပါတယ်။

အလားတူ အောင်လံမြို့မှာလည်း ကမ်းနားရပ်ကွက်တွေမှာ ရေစတင်ဝင်ရောက်လာနေပြီး ရေက တဖြည်းဖြည်းမြင့်တက်လာနေတယ်လို့ အောင်လံမြို့ခံ ကိုသိန်းနိုင်က ပြောပါတယ်။

လက်ရှိအနှိမ့်ပိုင်းရပ်ကွက်ကရေ၀င်တဲ့ နေရာတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားပြီး အဖွဲ့ပေါင်းစုံက အလှူရှင်တွေ သွားရောက်လှူဒါန်းနေတယ်လို့ ပြောပါတယ်။

မကွေးမြို့မှာလည်း ကမ်းနားရပ်ကွက်တွေမှာ ရေစတင်ဝင်နေပြီး ဆိုးဝါးတဲ့ အခြေအနေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း ပြည်မြို့လည်း ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး အနိမ့်ပိုင်းရပ်ကွက် န၀င်း၊ ခွန်းခေါင် ရပ်ကွက်တွေမှာ ရေကြီးမှုတွေဖြစ်နေသလိုပဲ လယ်ဧကထောင်ချီရေ နစ်မြုပ်နေပြီလို့ ပြည်မြို့ခံ ဦးချိုချိုက ပြောပါတယ်။

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ထဲက  ကျေးရွာတချို့မှာ စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး ဒေသခံ ပြည်သူတွေ နဲ့ အာဏာပိုင် အဖွဲ့ အစည်းပှုးပေါင်းပြီး ကြိုတင်ကာကွယ်ရေးတွေ ပြုလုပ်နေကြပါတယ်။

ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုပြီး ကျိုးပျက်တော့မယ့် ရေကာတာတွေကို သဲအိတ်၊ မြေအိတ် တွေနဲ့ လိုက်လံပြင်ဆင်နေပေမယ့် မြစ်ရေဒီထက်တိုးလာမယ်ဆိုရင်တော့ လူနေအိမ်တွေပါ ရေမြုပ်နိုင်တယ်လို့ မြန်အောင်မြို့နယ် တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒညွန်ကြားရေးမှူး ဦးစီးဌာနကရဲ့ စက်တင်ဘာလ ၁၈ ရက် ထုတ်ပြန်ချက်မှာ တော့ဧရာဝတီမြစ်ရေဟာ မင်းဘူးနဲ့ ညောင်ဦးမြို့တွေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေကြောင်းနဲ့ နောက် ၃ ရက်အတွင်း စိုး၇ိမ်ရေမှတ်အောက်ကို ကျဆင်းနိုင်တယ်လို့ ခန်းမှန်းထားပါတယ်။

အပြည့်အစုံ နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013