DVB Logo
Home
မြန်မာသတင်း
အဆိုတော် လာဇရု ရုတ်တရက်ကွယ်လွန်
DVB
·
January 19, 2021
အဆိုတော် လာဇရု ရုတ်တရက်ကွယ်လွန်
Donate to DVB

အဆိုတော် လာဇရု(ခ)ကျော်နိုင်သူဟာ ဒီကနေ့ မနက်အစောပိုင်းက ရုတ်တရက် ကွယ်လွန် သွားခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Horus Entertainment ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ပေါ်ကတဆင့် ဝမ်းနည်းရကြောင်း ပရိသတ်တွေကို အသိပေးထားခဲ့ပါတယ်။

“ဂီတကြယ်တစ်ပွင့် ကြွေလွင့်ပြီ…ကိုကျော်နိုင်သူ(ခ)လာဇရု… ယနေ့မနက် ၄:၅၀ အချိန်တွင် သူချစ်တဲ့ ကမ္ဘာကြီး… သူချစ်တဲ့ အနုပညာ… သူချစ်တဲ့သူတွေအားလုံးကို နှုတ်ဆက်ခွဲခွာခဲ့ပါပြီ… မပြောပြတတ်တဲ့ ဆုံးရှုံးမှုကြီးတခုကို ကျွန်တော်တို့ ရင်ဆိုင် လက်ခံလိုက်ရပြီ… ကောင်းရာဘုံဘဝမှာ စံစား ခံစားနေပါအစ်ကို”

လူငယ်ပရိသတ်တွေကြား ရေပန်းစားအောင်မြင်ခဲ့တဲ့ “အသည်းကွဲတဲ့ ရောဂါ” သီချင်းနဲ့ တခေတ်ဖြစ်ခဲ့တဲ့ လာဇရုဟာ “ချစ်တဲ့သူ” ၊ “အမျှော်လင့်ဆုံးနေ့” ၊ “ဖြစ်တည်မှု အသစ်”၊ “လာဇရုရဲ့လမ်း” စတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပါတယ်။

လာဇရုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မတော်တဆချော်လဲခဲ့လို့ ဦးခေါင်းဒဏ်ရာရရှိပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်း ဒီကနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။

လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် ပရိသတ်တွေကရော ဂီတအနု ပညာလောကသားတွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း အင်တာနက်လူမှုကွန် ရက်စာမျက်နှာတွေပေါ်မှာ ရေးသားဖော်ပြနေကြပါတယ်။

ဂစ်တာနိုင်ဇော်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားပြီး စိတ်မကောင်းဖြစ်ရကြောင်း မျှဝေထားခဲ့တာပါ။

“ဂီတလောထဲကိုစဝင်ထဲက Hi Star studio မှာ ရည် ရွယ်ချက် အတူတူနဲ ယုံကြည်ရာ ခရီးဆက်ခဲ့ကြတဲ့ သူငယ်ချင်း (တွေ့တိုင်း အစအနောက် ခံနေကြ)လာဇရုရေ… မင်းသတင်းမနက်စောစောကြားရလို့တကယ်ဝမ်းနည်းမိပါတယ်… ဒီလမ်းဟာ လူတိုင်းသွားရမှာ သေချာပေမယ့် ငါကတော့ မင်းအတွက် မထင်ထားမိသလို မသွား​စေချင်သေးဘူး သူငယ်ချင်း… အခုတော့ ကောင်းရာမွန်ရာရောက်ပါစေလို့ဘဲ ဆု တောင်းနိုင်ပါတော့တယ်”

တယော ချမ်းဟိန်းကြွယ်ကတော့ “ကိုလာကြီး ခင်ဗျားဗျာ… ကျနော် ဘာပြောရ မှာလည်း… ခင်ဗျားချစ်တဲ့သီချင်းတွေနဲ့ ခင်ဗျားနေမယ်ဆို… အခုကျနော်တို့ကို ခွဲခွာ သွားပြီပေါ့… ရပါတယ်ဗျာ… နှုတ်မဆက်ပဲ တိတ်တိတ်လေး ထွက်ခွာသွားတဲ့ ခင်ဗျား … ခင်ဗျားမရှိတော့ပေမဲ့ ခင်ဗျားကို ကျနော်တို့လွမ်းနေမှာပါ… လာဇရု(အသဲကွဲရောဂါကြီး) … ကောင်းရာသုဂတိလားပါစေ”လို့ ရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013