DVB Logo
Home
မြန်မာသတင်း
ဧရာ၀တီတိုင်းတွင် ၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်မှု ၁၈၆ ကြိမ်ဖြစ်ပွား
DVB
·
January 19, 2021
ဧရာ၀တီတိုင်းတွင် ၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်မှု ၁၈၆ ကြိမ်ဖြစ်ပွား
Donate to DVB

ဧရာ၀တီတိုင်းဒေသကြီးမှာ ၂၀၂၀ ခုနှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် မီးလောင်မှု ၁၈၆ ကြိမ်ထိ ရှိခဲ့တယ်လို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးက သိရပါတယ်။

ဧရာ၀တီတိုင်းအတွင်း မီးလောင်မှု ၁၈၆ ကြိမ်ဟာ ပုသိမ်ခရိုင်မှာ ၄၆ ကြိမ်၊ ဟင်္သာတခရိုင်မှာ ၄၃ ကြိမ်၊ ဖျာပုံခရိုင်မှာ ၁၉ ကြိမ်၊ မြောင်းမြခရိုင်မှာ ၁၈ ကြိမ်၊ မအူပင်နဲ့ လပွတ္တာခရိုင်တွေမှာ အကြိမ် ၃၀ စီဖြစ်ပွားခဲ့တာပါ။

တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှု ညွှန်ကြားရေးမှူး ဦးအောင်ဆွေ၀င်းက “မီးလောင်မှုက ၁၈၆ ကြိမ်ဖြစ်ပွားခဲ့တယ်။ အဲ့မှာ ဆုံးရှုံးမှုပမာဏတန်ဖိုးက ၁၇၈.၁၀၉ သန်းဆုံးရှုံးခဲ့ပါတယ်။ မီးလောင်မှုအပြင် သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာရင် အချိန်နဲ့ တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ဇာတ်တိုက်လေ့ကျင့်တာတွေလည်း ပြုလုပ်နေပါတယ်။”

မီးသတ်တပ်ဖွဲ့အနေနဲ့ မီးလောင်မှုအပြင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ နိုင်ငံခြားကတင်သွားထားတဲ့ ခေတ်မီကိရိယာတွေကို အသုံးပြုပြီး လေ့လာတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် မြို့နယ် ၂၆ မြို့နယ်နဲ့ မြို့ ၂ မြို့အတွက် တပ်ဖွဲ့ဝင်အင်အား ၁၀၉၆ ဦးနဲ့ ဖွဲ့စည်းထားတဲ့အပြင် နောက်ထပ်အထူးတပ်ခွဲ ၁ ခွဲလည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် အကြိမ် ၂၀၀ နီးပါးဖြစ်ပွားခဲ့ပြီး ပြောင်းလည်းလာတဲ့ လူနေထိုင်မှုစနစ်အရ အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်မှုများပြားလာတာတွေကြောင့် ခုလိုလေ့ကျင့်တာတွေ ပြုလုပ်နေရတာလို့ မီးသတ်ဦးစီး ဌာနက သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013