DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမတစ်ဦး ဘတ် ၆ သန်းတန် ထိုင်းထီဆွတ်ခူး၊ ပထမဆုပေါက်သူ ၂၆ ဦး ရှိလာ
DVB
·
January 18, 2021
မြန်မာအလုပ်သမတစ်ဦး ဘတ် ၆ သန်းတန် ထိုင်းထီဆွတ်ခူး၊ ပထမဆုပေါက်သူ ၂၆ ဦး ရှိလာ
Donate to DVB

ဇန်နဝါရီလ ၁၇ ရက်က ထွက်သွားတဲ့ ထိုင်းထီပထမဆု ပေါက်ဂဏန်းနံပါတ် ၃၈၄၃၉၅ ကို ဘန်ကောက်ရောက် မြန်မာအလုပ်သမတစ်ဦးက ဆွတ်ခူးရရှိခဲ့ပြီး အခုတကြိမ်နဲ့ဆို မြန်မာအလုပ်သမားတွေ ပထမဆုပေါက်တာ ၂၆ ဦးရှိပြီလို့ သိရပါတယ်။ 

ကံထူးသူမှာ အသက် ၂၇ နှစ်ရှိ မဇာနီအောင် ဆိုသူဖြစ်ပြီး လက်ရှိ ဘန်ကောက် - ဘန်ခဲနယ်မြေ စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေကာ  ထီပေါက်တဲ့အတွက် ဆုငွေတွေ ချောမွေ့စွာ ထုတ်ယူနိုင်ဖို့ မနေ့ညကပဲ အေအေစီ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲကေို အကူအညီ တောင်းခံလာတယ်လို့ အေအေစီအဖွဲ့တာဝန်ခံ ကိုရဲမင်းက ပြောပါတယ်။ 

“မနေ့ညကပဲ ပထမဆု ထီပေါက်တယ်လို့ အကြောင်းကြားလာလို့ ကျနော်တို့အဖွဲ့က  လုံခြုံတဲ့တစ်နေရာမှာ ခေါ်ထားပြီး ဒီကနေ့ ဆုငွေတွေထုတ်ဖို့ မြန်မာပြည်ကို လွှဲဖို့ကိစ္စတွေ လိုက်လုပ်ပေးနေပါတယ်ခင်ဗျ။ အခုထိ လမ်းပေါ်မှာပဲ ရှိနေပါသေးတယ်။ ဆုငွေက ဘတ် ၆ သန်းဆိုတော့  မြန်မာငွေနဲ့ဆို သိန်း ၂၅၀၀ ပတ်ချာလည်လောက်ရှိတယ်။ သူတို့က မြန်မာပြည်က မိဘတွေေဆီ ငွေတွေ အရင်လွှဲပြီး နောက်မှပြန်ရမယ်၊ အခုက နယ်မြေဖြတ်ကျော်ခွင့်တွေလည်း ပိတ်ထား တယ်ဆိုတော့လေ။”

ကံထူးရှင် အမျိုးသမီးမှာ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ရှိ ကျေးရွာတစ်ရွာကဖြစ်ပြီး အခုလို ဆုငွေအမြောက်အမြားရတော့ ဆင်းရဲတဲ့ဘဝကလွတ်မြောက်ကာ ဘဝသစ်ထူထောင်နိုင်တော့မှာမို့ သူတို့ကိုယ်စား ဝမ်းသာကြောင်း ကိုရဲမင်းက ဆက်ပြောပါတယ်။ 

အေအေစီအဖွဲ့အနေနဲ့ ပထမဆု ထိုင်းထီပေါက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဆုငွေရရေးလိုက်လံကူညီဆောင်ရွက်ပေးခဲ့တာမှာ ဒါဟာ ၂၆ ဦးမြောက်ရှိသွားပြီဖြစ်ပြီး အဲဒီထဲမှာ ပထမဆု ၂ စောင်တွဲ ဘတ် ၁၂ သန်းရတာက ၄ ဦးရှိတယ်လို့ ဆိုပါတယ်။ 

ထိုင်းထီ ပထမဆုငွေမှာ မြန်မာအောင်ဘာလေထီဆုငွေထက်စာရင်နည်းပေမယ့် ပေါက်ဖို့ ရာခိုင်နှုန်းပိုများကြောင်း၊ အစောင် တစ်ရာမှာ ၂ စောင်လောက်က ပထမဆုမျှော်လင့်လို့ရသလို  ပေါက်ဂဏန်းတိုက်ဖို့ရာမှာလည်း ရှေ့က အက္ခရာတွေမရှိဘဲ ဂဏန်း ၆ လုံးသာ လွယ်ကူစွာ တိုက်ရတာကြောင့် ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေတင်မကဘဲ မြန်မာပြည်ကလူတွေပါ မှာယူပြီးထိုးနေကြတယ်လို့  ကိုရဲမင်းကပြောသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013