DVB Logo
Home
မြန်မာသတင်း
ပုဒ်မ (၅၀၀) ဖြင့် တရားစွဲခံရသည့် ဖားကန့် အန်အယ်လ်ဒီအမတ်အမှု ဒုတိယအကြိမ်ရုံးထုတ်
DVB
·
January 18, 2021
ပုဒ်မ (၅၀၀) ဖြင့် တရားစွဲခံရသည့် ဖားကန့် အန်အယ်လ်ဒီအမတ်အမှု ဒုတိယအကြိမ်ရုံးထုတ်
Donate to DVB

တပ်မတော်အကြီးအကဲတွေကို ဂုဏ်သိက္ခာညိုးနွမ်းစေအောင် ပြုလုပ်တယ်ဆိုပြီး ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို တပ်မတော်က ပုဒ်မ (၅၀၀)နဲ့ တရားစွဲဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

တရားခံဘက်က လိုက်နာဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေက  "တရားရုံးရဲ့ လုပ်ငန်းစဉ်အရ အမှုတွေကို အမျိုးအစားသတ်မှတ်ရာမှာ ဒီအမှုက ရိုးရှင်းသော အမှုအဖြစ် တရားသူကြီးက သတ်မှတ်တယ်။ ဒါက CMP လို့ခေါ်တဲ့ Case Management Program အရ သတ်မှတ်တာ။ ဒီအမှုကို ခြောက်လလောက်နဲ့အပြီး စစ်ဆေးစီရင်မယ်လို့ ယူဆရတယ်" လို့ အမျိုးသားလွှတ်တော် ဦးခင်မောင်မြင့်ရဲ့ရှေ့နေ ဦးသန်းထွန်းက ပြောပါတယ်။

ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၉)၊ ဖားကန့်မြို့နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးချို (ခ) ဦးခင်မောင်မြင့်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က တပ်မတော်အကြီးအကဲတွေကို ဂုဏ်သိက္ခာညိုးနွမ်းစေအောင် ပြုလုပ်တယ်ဆိုပြီး ပုဒ်မ (၅၀၀) နဲ့ ၂၀၂၀ ဒီဇင်ဘာ ၈ ရက် နေ့က အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ပထမအကြိမ်ရုံးချိန်းရက်ဖြစ်တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ အာမခံလျှောက်ခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်နေ့ကို ဒုတိယ ရုံးချိန်းအဖြစ် ချိန်းဆိုခဲ့တာဖြစ်ပါတယ်။ 

အခုဒုတိယရုံးချိန်မှာ တပ်မတော်ဘက်က တရားစွဲဆိုခဲ့သူ ဒုဗိုလ်မှူးကြီး သန်းထိုက်၊ တရားစွဲဆိုခံရသူ ဦးခင်မောင်မြင့်တို့  တရားခွင်မှာ ရောက်ရှိခဲ့ပြီး တတိယရုံးချိန်းကို ဇန်နဝါရီ ၂၉ ရက်နေ့ ပြန်လည်ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။

အခုလို တရားစွဲခံရတာဟာ ၂၀၁၉ ဒီဇင်ဘာ ၂၃ ရက်နေ့ပါ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ ပေးပို့တင်ပြခဲ့တဲ့ ဖားကန့်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ရဲ့ တင်ပြစာမှာ တပ်မတော် အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းဝေါဟာရတွေ ပါရှိနေတာကြောင့်လို့  သိရှိရပါတယ်။

ဇော်မိုးထက် (ဖားကန့် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013