DVB Logo
Home
မြန်မာသတင်း
၃၆ ကြိမ်မြောက် UPDJC အစည်းအဝေး ကျင်းပ
DVB
·
January 18, 2021
၃၆ ကြိမ်မြောက် UPDJC အစည်းအဝေး ကျင်းပ
Donate to DVB

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့   (၃၆) ကြိမ်မြောက်   ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဇန်နဝါရီလ ၁၈ ရက်နေ့မနက်ပိုင်းက Online Video Conference နဲ့ ကျင်းပပြုလုပ်နေပါတယ်။ 

အဲဒီအစည်းအဝေးမှာ တစ်ဖွဲ့ချင်းစီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ သဘောထား တွေ ယူဆောင်လာတာကို ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ အဲဒီအပြင် လက်ရှိငြိမ်းချမ်းရေး စစ်ရေးနဲ့ ကျန်းမာရေးကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ဖက်ဒရယ်တည်ဆောင်ရေးဆိုင်ရာ အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက်အကောင်အထည် ဖော်ဆောင်ရေး ကိစ္စအပြင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ဆွေးနွေးသွားကြမှာပါ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အစိုးရကထုတ်ပြန်ထားတဲ့ လုပ်ငန်းစဉ်သုံးရပ်ဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းလုပ်ငန်းစဉ်ကို ဒွန်တွဲဖော်ဆောင်တာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု လုပ်ငန်းနှစ်ရပ်ကို ပူးတွဲဖော်ဆောင်တာ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမယ်လို့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောဆိုပါတယ်။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ဖွဲ့စည်းပေးခဲ့တဲ့ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရဲ့ အလွတ်သဘောညှိနှိုင်းရေးအဖွဲ့နဲ့ အစိုးရညှိနှိုင်းရေးအဖွဲ့တို့ အလွတ်သဘော ဆွေးနွေးနိုင်ရေးကိုလည်း ဒီကနေ့ကျင်းပတဲ့ အစည်းအဝေးမှာ ဆွေးနွေးသွားကြမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013