DVB Logo
Home
သတင်းတို
မြေယာအစီရင်ခံစာပါ ပြဿနာများ ၁ နှစ်အတွင်း ဖြေရှင်းပေးရန် ညွှန်ကြား
DVB
·
September 18, 2013
မြေယာအစီရင်ခံစာပါ ပြဿနာများ ၁ နှစ်အတွင်း ဖြေရှင်းပေးရန် ညွှန်ကြား
Donate to DVB

လွှတ်တော် မြေယာသိမ်းဆည်းခံရမှုအစီရင်ခံစာပါ ပြဿနာတွေကို ၁ နှစ်အတွင်း အပြီးဖြေရှင်းပေးဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကနေ ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့တွေဆီ ညွှန်ကြားထားတယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောပါတယ်။

[caption id="attachment_25955" align="alignleft" width="300" caption="အသိမ်း​ခံရ​သော လယ်ယာ​မြေများ​"][/caption]

စက်တင်ဘာ ၁၇ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ လယ်ယာမြေနဲ့ မြေလွတ်မြေရိုင်း အသုံးပြုခြင်းကိစ္စ အစည်းအဝေးမှာ သူက ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

အစည်းအဝေးမှာ ဦးမြင့်လှိုင်က အရင်အစိုးရလက်ထက်က ဖြစ်ပေါ်ခဲ့တဲ့ အမှုပေါင်း ၇၀၀ ကျော် (၇၄၅မှု) နဲ့ ပတ်သက်ပြီး ၁ ရက်ကို မြေယာအမှု ၂ မှုနှုန်း ပြီးပြတ်အောင် လျာထားရှင်းလင်းဖို့ ဆုံးဖြတ်ထားတယ်လို့ ရှင်းပြပါတယ်။

သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ ဆောင်ရွက်ပြီးစီးသမျှတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဆီကို ၁ လ ၁ ကြိမ် အစီရင်ခံစာ ပေးပို့ရမယ်လို့ ညွှန်ကြားထားကြောင်းလည်း သူက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013