DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၅ သန်းကျော်၊ သေဆုံးသူ ၂ သန်းကျော်ရှိလာ
DVB
·
January 18, 2021
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၅ သန်းကျော်၊ သေဆုံးသူ ၂ သန်းကျော်ရှိလာ
Donate to DVB

ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၉၅ သန်းကျော်လာခဲ့ပြီဖြစ်ကာ သန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း  ၁၈ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ကတော့ ၂ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၆၇ ဒသမ ၉ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၄ ဒသမ ၃၄ သန်းကျော်၊ သေဆုံးသူ ၄၀၅,၉၂၆ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၅၇ သန်းကျော်၊ သေဆုံးသူ ၁၅၂,၄၄၇ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၈ ဒသမ ၄၆ သန်းကျော်၊ သေဆုံးသူ ၂၀၉,၅၀၉ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနဲ့ ယူကေနိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်း ကျော်၊ ပြင်သစ်၊ တူရကီ၊ အီတလီ၊ စပိန်နဲ့ ဂျာမနီနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်း ကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

အဲဒီနောက်မှာတော့ ကိုလံဘီယာ၊ အာဂျင်တီးနား၊ မက္ကဆီကို၊ ပိုလန်၊ အီရန်၊ တောင်အာဖရိက၊ ယူကရိန်းနဲ့ ပီရူးနိုင်ငံတွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအ တွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၈,၂၂၇ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၅ ယောက်နဲ့ ခုရက်ပိုင်း အတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၈၃ နေရာထိ ကျဆင်းသွားခဲ့ပါ တယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီနဲ့ အီရန်နိုင်ငံပြီးရင် အင်ဒိုနီးရှားနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၉ သိန်းကျော်၊ အီရတ်နိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၆ သိန်းကျော်စီနဲ့ အသီးသီးရပ်တည်နေပါတယ်။

အဲဒီနောက်မှာတော့ အစ္စရေး၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကူးစက်ခံရသူဦးရေ  ၅ သိန်းကျော်စီနဲ့ အသီးသီးရှိနေပါတယ်။

       မြန်မာနိုင်ငံမှာတော့ ဇန်နဝါရီ ၁၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူ နာစုစုပေါင်း ၁၃၄,၃၁၈ ယောက်၊ သေဆုံးသူ ၂,၉၅၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၁၁၇,၆၆၃ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၅၈,၄၃၄ ယောက်နဲ့ သေဆုံးသူ ၆၀၁ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၁၁၃ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁၂,၀၅၄ ယောက်နဲ့ သေဆုံးသူအရေအတွက်  အယောက် ၇၀ ရှိ နေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၅၃၇ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၇၄ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၄၃၉ ယောက်နဲ့  ၄၁ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013