DVB Logo
Home
သတင်းတို
မြန်မာ့ရုပ်သံ ဒီဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲ ထုတ်လွှင့်မည်
DVB
·
September 18, 2013
Donate to DVB

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနဟာ ထုတ်လွှင့် နေတဲ့ ရုပ်သံလိုင်း ၅ လိုင်းကို လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး Analogue စနစ်ကနေ Digital စနစ်နဲ့ ပြောင်းလဲထုတ်လွှင့်သွားမယ့်အကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာ ပါတယ်။

အခမဲ့ ရုပ်သံလိုင်းတွေဖြစ်တဲ့အတွက် ဒီဂျစ်တယ် Tuner ပါတဲ့ ဘယ်တီဗွီကမဆို ဖမ်းယူ ကြည့်ရှုနိုင်ပြီး အနာလော့ဂ်စနစ် ရုပ်မြင်သံကြားပိုင်တဲ့လူတွေ ကြည့်ရှုနိုင်ဖို့အတွက်လည်း ပြီးခဲ့တဲ့လက ဒီဂျစ်တယ်ရုပ်သံဖမ်းစက် ၁ သန်း တင်ဒါခေါ်ထားပြီး အဲဒီစက်တွေကိုလည်း ရောင်းချပေးမှာ ဖြစ်ပါတယ်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဟာ မြန်မာ့ရုပ်သံ (MRTV) ၊ မြန်မာအင်တာနေရှင်နယ် (MI)၊ လွှတ်တော်ချန်နယ်၊ တိုင်းရင်းသားချန်နယ်နဲ့ တောင်သူလယ်သမားချန်နယ် ၅ ခုကို ထုတ်လွှင့် နေပြီး ဒီဂျစ်တယ်စနစ်ပြောင်းတဲ့ တချိန်တည်း အနာလော့ဂ်စနစ်နဲ့လည်း ဆက်ပြီး ထုတ်လွှင့်သွား ဦးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013