DVB Logo
Home
နိုင်ငံတကာ
AI ကို ထိန်းချုပ်နိုင်ရန် စမတ်ကျ ဉာဏ်ကောင်းသည့် သမ္မတသာ လိုဟု ထရမ့်ပ်ပြော
DVB
·
September 15, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က AI နည်းပညာကို စည်းမျဉ်းသစ်တွေနဲ့ ထိန်းချုပ်ဖို့ တောင်းဆိုမှုတွေကို စက်တင်ဘာ ၁၄ ရက်မှာ ပယ်ချခဲ့ပါတယ်။

AI အတွက် လိုအပ်တဲ့ တခုတည်းသော ထိန်းချုပ်မှုက “အားကောင်းပြီး စမတ်ကျ ဉာဏ်ရည်မြင့်တဲ့ သမ္မတ” (STRONG AND SMART (High IQ!) PRESIDENT) ပဲလို့ ထရမ့်ပ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

AI က လူသားမျိုးနွယ်ကို ဖျက်ဆီးနိုင်တယ်ဆိုတဲ့ သတိပေးမှုတွေကိုလည်း “လိမ်လည်လှည့်ဖြားမှု” လို့ ထရမ့်ပ်က သုံးနှုန်းခဲ့ပါတယ်။

အမေရိကန် AI ကုမ္ပဏီတွေကို ကန့်သတ်ရင် တရုတ်က အသာစီးရသွားမယ်လို့ သူက ဆိုပါတယ်။

ကမ္ဘာတဝန်း AI ဖွံ့ဖြိုးမှုအရှိန်လျှော့ဖို့ Anthropic အမှုဆောင်အရာရှိချုပ် ဒါရီယို အမိုဒေးက တောင်းဆိုပြီးနောက် ထရမ့်ပ်က အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

OpenAI အကြီးအကဲ ဆမ် အော်လ်တ်မန်နဲ့ တခြားနည်းပညာခေါင်းဆောင်တွေကလည်း အရှိန်လျှော့ဖို့ တောင်းဆိုမှုကို ထောက်ခံထားပါတယ်။

သုတေသီတွေကတော့ AI ကြောင့် အလုပ်အကိုင်အများအပြား ဆုံးရှုံးနိုင်သလို ဇီဝလက်နက်သစ် တွေလည်း ပေါ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

လူသားထိန်းချုပ်မှုမပါဘဲ အလိုအလျောက် စစ်ဆင်လာနိုင်တဲ့ အန္တရာယ်ကိုလည်း ထောက်ပြ ထားကြပါတယ်။

ထရမ့်ပ်က အဲဒီအန္တရာယ်တွေကို တိုက်ရိုက်မဖြေရှင်းဘဲ ကုမ္ပဏီတွေကို ထိန်းချုပ်ဖို့ ရှိပြီးသား ဥပဒေအာဏာ လုံလောက်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်မှာ AI လုပ်ငန်းကို ထိန်းချုပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေက လက်ရှိ အရမ်းနည်းပါးနေပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013