DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးမှု ၁၁၁ မှု ဖော်ထုတ်နိုင်၊ တရုတ်နိုင်ငံထဲ အဓမ္မလက်ထပ်ရန် လူကုန်ကူးမှု အများဆုံးဖြစ်
DVB
·
January 16, 2021
လူကုန်ကူးမှု ၁၁၁ မှု ဖော်ထုတ်နိုင်၊ တရုတ်နိုင်ငံထဲ အဓမ္မလက်ထပ်ရန် လူကုန်ကူးမှု အများဆုံးဖြစ်
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ထဲမှာ လူကုန်ကူးမှု ၁၁၁ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး အများစုဟာ တရုတ်နိုင်ငံထဲကို အဓမ္မလက်ထပ်ဖို့ ခေါ်ဆောင်ခံရတာ ဖြစ်တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒီအမှုတွေကနေ တရားခံပေါင်း ၃၃၉ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံတွေထဲမှာ အမျိုးသမီး ၂၁၇ ယောက် ပါပါတယ်။

မိန်းကလေးငယ် ၃၉ ယောက်အပါအဝင် အမျိုးသမီး ၁၁၃ ယောက်၊ အမျိုးသား ၁၅ ယောက် လူကုန်ကူးခံခဲ့ရတာလို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လူကုန်ကူးတဲ့ ဦးတည်ရာနိုင်ငံနဲ့ အမျိုးအစားတွေထဲမှာတော့ အဓမ္မလက်ထပ်ဖို့ တရုတ်နိုင်ငံကို လူကုန်ကူးတာက ၈၃ မှုနဲ့ အများဆုံး ဖြစ်ပြီး ပြည်တွင်းမှာ ၃ မှု၊ ထိုင်းနိုင်ငံကို ၁ မှု ဖြစ်ပါတယ်။

အငှားကိုယ်ဝန်ဆောင်ဖို့ တရုတ်နိုင်ငံကို လူကုန်ကူးတာ ၁ မှုရှိပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေတာက ပြည်တွင်းမှာ ၁၂ မှု၊ ထိုင်းနိုင်ငံကို ၁ မှု ရှိပါတယ်။

အဓမ္မစေခိုင်းဖို့အတွက် ပြည်တွင်းမှာ ၇ မှု၊ မလေးရှားနိုင်ငံကို ၂ မှုနဲ့ တရုတ်နိုင်ငံကို ၁ မှု လူကုန်ကူးခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာ လူကုန်ကူးခံရတာ ၃၇ မှုနဲ့ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းကတော့ အမှု ၃၀ နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

ပြီးတော့ မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်မှာ ၁၀ မှုစီ၊ ဧရာဝတီတိုင်းမှာ ၇ မှု၊  ပဲခူးတိုင်းမှာ ၆ မှု၊ တနင်္သာရီတိုင်းမှာ ၃ မှု၊ မကွေးတိုင်းနဲ့ နေပြည်တော်တို့မှာ ၂ မှုစီ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ၁ မှုစီ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှာ ၁၅ မှု၊ ဖေဖော်ဝါရီမှာ ၇ မှု၊ မတ်မှာ ၉ မှု၊ ဧပြီမှာ ၆ မှု၊ မေမှာ ၆ မှု၊ ဇွန်မှာ ၁၅ မှု၊ ဇူလိုင်မှာ ၁၄ မှု၊ သြဂုတ်မှာ ၁၆ မှု၊  စက်တင်ဘာမှာ ၆ မှု၊ အောက်တိုဘာမှာ ၄ မှု၊ နိုဝင်ဘာမှာ ၈ မှုနဲ့ ဒီဇင်ဘာမှာ ၅ မှု ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013