
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးနဲ့ ဖှုကျန့်ပြည်နယ်တွေက နေရာအများအပြားမှာ မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးသည်းထန်ခြင်း အပါအဝင် ပြင်းထန်တဲ့ရာသီဥတုကြောင့် အိမ်တွေ၊ သီးနှံတွေနဲ့ ဓာတ်အားလိုင်းတွေ ပျက်စီးခဲ့ပါတယ်။
နောက်ဆုံးတိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ကျန်းရှီးပြည်နယ် ယီချွမ်၊ ဖူကျိုးနဲ့ ကျင်းဒီကျန်းဒေသတွေမှာ ကြာသပတေးနေ့ကစပြီး အချင်း ၅ စင်တီမီတာအထိ ရှိတဲ့ မိုးသီးတွေ ကြွေကျခဲ့ပါတယ်။
မိုးသီးကြွေခြင်းအပြင် လေပြင်းတိုက်ခတ်တာနဲ့ မိုးသည်းတာတွေကြောင့် ဒေသခံတွေရဲ့ နေ့စဉ်ဘဝကိုလည်း အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
ယီချွမ်မြို့၊ ယီဖန်မြို့နယ်မှာ မိုးသည်းလွန်းလို့ အိမ်တချို့မှာ ချိတ်ဆွဲထားတဲ့ မျက်နှာကြက်တွေ ပြိုကျခဲ့တဲ့အပြင် နံရံတွေပါ ပြိုကျပြီး ပရိဘောဂတွေ လဲကျခဲ့ပါတယ်။
ဘေးအန္တရာယ် ဖြစ်ပြီးပြီးချင်း ဒေသခံအာဏာပိုင်တွေက အရေးပေါ်တုံ့ပြန်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။
ဝမ်ချိုင်မြို့နယ် မြို့ပြဧရိယာမှာ လမ်းပိုင်းတချို့ ရေလွှမ်းမိုးခံရပြီး ယာဉ်ကြော ပိတ်ဆို့ခဲ့ပါတယ်။
ဒေသန္တရဌာနတွေက ဘေးကင်းကင်း သယ်ယူပို့ဆောင်ရေးကို သေချာစေဖို့ ရွှံ့နွံတွေဖ ယ်ရှားတာနဲ့ ရေနုတ်မြောင်းလုပ်ငန်းတွေကို အမြန်ဆောင်ရွက်ခဲ့ပါတယ်။
ကျန်းရှီးပြည်နယ် မိုးလေဝသဌာနက ဧပြီ ၁၂ ကနေ ၁၃ ရက်အထိ နောက်ထပ် မိုးရွာသွန်းမှု နှစ်ကြိမ်နဲ့ ဧပြီ ၁၅ ရက်ကနေ ၁၆ ရက်အထိ တကြိမ် မိုးထပ်ရွာမယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters










