DVB Logo
Home
မြန်မာသတင်း
NLD အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဝတိုင်းရင်းသားများကို လက်တွဲခေါ်ရန် ဝ အမျိုးသားပါတီ ပြော
DVB
·
January 16, 2021
NLD အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဝတိုင်းရင်းသားများကို လက်တွဲခေါ်ရန် ဝ အမျိုးသားပါတီ ပြော
Donate to DVB

လက်ရှိ NLD အစိုးရအဖွဲ့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဝတိုင်းရင်းသားတွေကို လက်တွဲခေါ်ဖို့ ဝ အမျိုးသားပါတီက ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ ဝအမျိုးသားပါတီတို့ တောင်ကြီးမြို့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးမှာ ဇန်နဝါရီလ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဝ အမျိုးသားပါတီဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်က “ဒီကနေ့ NLD အစိုးရက ဦးဆောင်ပြီးတော့ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ရှေးရှုရမယ့်အရေးကိစ္စတွေထဲမှာ ကျနော်တို့ သုံးသပ်တဲ့နေရာမှာ လုပ်ဆောင်စရာရှိတာတွေကို ကျနော်တို့ “ဝ” ပါတီအနေနဲ့ ပေါင်းပြီးဆောင်ရွက်မယ်။ ကျနော်တို့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ၊ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ကျနော်တို့ “ဝ” တိုင်းရင်းသားတွေကို များများလက်တွဲခေါ်ပြီးတော့။ ဒီကနေ့ သူတို့ ဆောင်ရွက်တဲ့နေရာမှာ အားနည်းတယ်လို့ ထင်ရပေမဲ့၊ စိတ်မဝင်စားဘူးလို့ ထင်ရပေမဲ့ အမှန်တကယ် ထဲထဲဝင်ဝင် မရှိသေးတဲ့အတွက် ကျနော်တို့ အလုပ်မဖြစ်ခြင်းသာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ကျနော်တို့ မြန်မာနိုင်ငံသားဖြစ်တဲ့အားလျော်စွာ မြန်မာ့အကျိုးကို အစဉ်အမြဲစဉ်းစားပြီး ဆောင်ရွက်တယ်ဆိုတဲ့အကြောင်း ကျနော်တို့ တင်ပြခဲ့ပါတယ်” လို့ ပြောပါတယ်။

ဝအမျိုးသားပါတီက ပြည်ထောင်စုကောင်းဖို့ကိစ္စတွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်လိုပြီး ပြည်သူက ရွေးချယ် တင်မြောက်တဲ့ ဘယ်အစိုးရမဆို ပူးပေါင်းဆောင်ရွက်လိုတဲ့ အကြောင်းတွေ  ဆွေးနွေးသွားတယ်လို့ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

“သူတို့ပြောတာကတော့ ဖက်ဒရယ်ဒီမိုကရေစီပဲဖြစ်ဖြစ်၊ ဒီမိုကရေစီဖက်ဒရယ်ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးနှစ်လုံး ပါရင် ကျေနပ်အားရတယ်တဲ့။ ပြိုင်တူသွားရမှာပဲ။ ဖက်ဒရယ်က အရင်လား၊ ဒီမိုကရေစီက အရင်လား ငြင်းမနေပါဘူးတဲ့။ သူတို့ပြောတဲ့အထဲမှာ “ဝ”ပြည်နယ် သီးသန့်ပြည်နယ်ရဖို့ဆိုတာ အခုမှ ပြောတဲ့ကိစ္စ မဟုတ်ပါဘူးတဲ့။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်တုန်းကလည်း သူတို့ ဒါတွေ ပြောခဲ့ပါတယ်တဲ့။ အမျိုးသားညီလာခံမှာလည်း ပြောခဲ့ပါတယ်။ သီးခြားသီးသန့် အမှီအခိုကင်း လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံကို တောင်းဆိုတာ မဟုတ်ပါဘူးတဲ့။ ပြည်နယ်အဆင့်အတန်း ရဖို့သာ တောင်းဆိုတာဖြစ်ပါတယ်တဲ့။ နောက်ထပ်ပြောတာက သူတို့ ဝ လူမျိုးတွေ၊ ဝ ဒေသအတွက်သာ အကျိုးရှိမယ်ဆိုရင် ဘယ်ကိစ္စမဆို ပူးပေါင်းဆောင်ရွက်မယ်တဲ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမယ် ဆိုရင်လည်း ပြည်ထောင်စုထဲက ပြည်နယ်တခုအဖြစ် သတ်မှတ်ပေးစေချင်ပါတယ်တဲ့။ ဝ ပြည်နယ်ထဲမှာ တိုင်းဦးစီးဥက္ကဋ္ဌ လုပ်တဲ့သူကို ဝ လူမျိုးပဲ ဖြစ်စေချင်ပါတယ်တဲ့။ အဲဒါလေးတွေ ပြောတယ်။ မိုင်းတုံ၊ မိုင်းဆတ်မှာ ဝ လူမျိုးတွေ မှတ်ပုံတင် မရသေးဘူးတဲ့။ မှတ်ပုံတင်မရသေးတာလည်း အမြန်ဆုံး လုပ်ပေးစေချင်ပါတယ်တဲ့” လို့ ပြောပါတယ်။

ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးချက်တွေကို စုစည်းပြီး နေပြည်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြသွားမယ်လို့ သိရပါတယ်။ 

ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ ၃ ဦးပါ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကို  ဇန်နဝါရီ ၁၃ ရက်နေ့က  ရောက်ရှိလာတာဖြစ်ပြီး ဒီခရီးစဉ်အတွင်း တိုင်းရင်းသားပါတီ ၇ ပါတီနဲ့ တသီးပုဂ္ဂလတစ်ဦးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သတင်း - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013