DVB Logo
Home
မြန်မာသတင်း
အီတာလျံကုမ္ပဏီ သိမ်းဆည်းမြေများအတွက် လျော်ကြေးပေးရန် ပျက်ကွက်
DVB
·
September 17, 2013
အီတာလျံကုမ္ပဏီ သိမ်းဆည်းမြေများအတွက် လျော်ကြေးပေးရန် ပျက်ကွက်
1 / 2
Donate to DVB

ထိုင်းနိုင်ငံအခြေစိုက် အီတာလျံထိုင်း ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီလီမိတက်က လုပ်ဆောင်နေတဲ့ ထားဝယ်-ကန်ချနဘူရီ အဝေးပြေးလမ်းဖောက်လုပ်မှုစီမံကိန်းမှာ သိမ်းဆည်း ခံခဲ့ရတဲ့ မြေယာတွေအတွက် ဒေသခံတွေအပေါ်လျော်ကြေးပေးဖို့ ပျက်ကွက်နေပါတယ်။



[caption id="attachment_43463" align="alignright" width="300" caption="ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ - ဒီဒီအေ)"][/caption]

ထားဝယ်အထူးစီးပွားရေးဇုန်ကို ဖော်ဆောင်တဲ့နေရာမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍ တခုဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေဖို့  ထားဝယ်ကနေ ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ကန်ချနဘူရီအထိ အဝေးပြေးလမ်းမကြီးကို ဖောက်လုပ်သွားဖို့ ရှိပါတယ်။


ဒါကြောင့်လည်း ဒီစီမံကိန်းအတွင်းမှာ ကျရောက်နေတဲ့ မြေယာတွေအတွက် အီတာလျံ - ကုမ္ပဏီလီမိတက်ကို ဒေသခံတွေက အခု စက်တင်ဘာ နောက်ဆုံးရက်မတိုင်မီ လျော်ကြေးငွေပေးဖို့ တောင်းဆိုသွားမှာဖြစ်ပြီး ပျက်ကွက်ပါက သိမ်းဆည်းခံရတဲ့ မိမိတို့ပိုင်မြေယာတွေအပေါ်မှာ သီးနှံတွေ ပြန်စိုက်ပျိုးသွားမယ်လို့ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညှိနှိုင်းရေးမှူး ဦးသန့်ဇင်က ပြောပါတယ်။

“ရွာသားတွေရဲ့ ပြောကြားချက်အရဆိုရင်တော့ သူတို့ ကုမ္ပဏီကို ဖိတ်ခေါ်မယ်။ ကုမ္ပဏီကို အကြောင်းကြားထားပြီးပြီ။ ကုမ္ပဏီက ဘာမှ ရေရေရာရာ အကြောင်းပြန်တာ မရှိသေးဘူး။ ၂၈ ရက်နေ့မှာ ရွာကော်မတီရယ်၊ ရွာသားတွေရယ်၊ ထားဝယ်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေရယ် အစည်းအဝေးတခုလုပ်မယ်။ နစ်နာဆုံးရှုံးခဲ့တဲ့ သူတွေအတွက် တာဝန်ယူပေးဖို့ ထပ်ပြောမယ်။ တကယ်လို့ သူတို့ဘက်က တာဝန်မယူတော့ဘူးဆိုရင်တော့ ကျနော်တို့ စက်တင်ဘာလကုန်အထိ စောင့်ပြီး အကြောင်းပြန်ကြားခြင်းမရှိဘူးဆိုရင် ရွာသားတွေ သူတို့ နဂိုပိုင်တဲ့နေရာတွေမှာ အပင်တွေ ပြန်စိုက်ကြမယ်။”

ဒီကိစ္စနဲ့ စပ်လျဉ်းပြီးတော့ ထားဝယ်မြို့မှာ ဒေသခံတောင်သူတွေအပါအ၀င် လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်းပြီးတော့ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အဓိကပြောဆိုဆွေးနွေးခဲ့တဲ့အကြောင်းအရာနဲ့ ပတ်သတ်ပြီးသူက အခုလို ဆက်ပြောပါတယ်။

“အဓိက ကျနော်တို့ ဒေသမှာလုပ်နေတဲ့ စီမံကိန်းတွေက ပွင့်လင်းမှုမရှိဘူး။ တာဝန်ယူမှုမရှိတာကို ကျနော်တို့ ဘယ်လိုတုံ့ပြန်သင့်သလဲပေါ့။ တဖွဲ့ချင်းစီအနေနဲ့ မဟုတ်ဘဲနဲ့ အကုန်လုံးစုပေါင်းပြီး ဘယ်လိုမျိုး အကြံပြုသင့်တယ်၊ ကုမ္ပဏီကို တာဝန်ယူမှု ရှိလာအောင်  ဘယ်လိုမျိုးပြောဆိုမလဲဆိုတာ အဓိက ဆွေးနွေးဖြစ်တယ်။ နစ်နာတဲ့ ရွာသားတွေအတွက် အမြဲတမ်းကူညီပေးဖို့လည်း ပြောဆိုဖြစ်တယ်။”

ထားဝယ်ကနေ ကန်ချနဘူရီအထိ အဝေးပြေးလမ်းဖောက်လုပ်မယ့်စီမံကိန်းအတွက် လမ်း မလွတ်လို့ လတ်တလောမှာ သိမ်းဆည်းခံရတဲ့ ရွာတွေကတော့ မြစ်သာကနေ ကျိုက်ကဒိုးရွာအထိ ရွာပေါင်း ၇ ရွာရှိပြီး လျော်ကြေးငွေမရရှိတဲ့ ဒေသခံဦးရေက ၈၀ ရှိတယ်လို့ ဦးသန့်ဇင်က ဆိုပါတယ်။

ဒါ့အပြင်  အီတာလျံထိုင်းကုမ္ပဏီအနေနဲ့ ဒေသခံတွေကို နစ်နာကြေးအဖြစ် လျော်ကြေးပေးတဲ့ နေရာမှာ  အပင်အမျိုးအစားနဲ့ အရေအတွက်ပေါ် မူတည်ပြီး တန်ဖိုးကွဲပြားမှု ရှိပါတယ်။

ဒါကလည်း ဥယျာဉ်ခြံမြေဖြစ်တာကြောင့် အခုလို သတ်မှတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့် ကွမ်းသီးပင်အကြီး(၈နှစ်အထက်) ၁ ပင်ကို ကျပ် ၈ သောင်း၊ ကွမ်းသီးပင် အလတ် (၄ နှစ်ကနေ ၈ နှစ်ကြား) ၁ ပင်ကို ကျပ် ၆ သောင်း၊ အပင်ငယ် (၄နှစ်အောက်) ၁ ပင်ကို ကျပ် ၂ သောင်းနှုန်းရှိပြီး သီဟိုပင်အကြီး (၈ နှစ်အထက်) ၁ ပင်ကို ကျပ် ၁ သိန်း ၅ သောင်း၊ သီဟိုပင်အလတ် (၄ နှစ်ကနေ ၈ နှစ်ကြား) ၁ ပင်ကို ကျပ်  ၇  သောင်း ၅ ထောင်၊ သီဟိုပင်အငယ် (၄ နှစ်အောက်) ၁ ပင်ကို ကျပ်  ၁ သောင်း ၅ ထောင်၊ ဒူးရင်းအပင်ကြီး ၁ ပင်ကို ကျပ် ၂ သိန်း၊ အပင်လတ် ၁ ပင်ကို ကျပ် ၁ သိန်းနှုန်းရှိပြီး ဒီသီးပင်တွေကတော့ အီတာလျံထိုင်းကုမ္ပဏီက သတ်မှတ်ပေးထားတဲ့ ဈေးနှုန်းအမြင့်ဆုံးအပင်တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013