DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားညီလာခံ ကျင်းပခွင့်ရ
DVB
·
September 17, 2013
Donate to DVB

ရှမ်း၊  ကယားနဲ့ မွန်၊ ကိုးကန့်နဲ့ ၀ စတဲ့  တိုင်းရင်းသားတွေအကြား ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို မကြာခင်ရက်ပိုင်းအတွင်း ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပဖို့ ရှိနေပါတယ်။

တိုင်းရင်းသားတွေ အချင်းချင်းကြား ယုံကြည်မှုတည်ဆောက်ရေးအတွက်  ဆွေးနွေးပွဲ ကျင်းပဖို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဆီက ခွင့်ပြုချက်ရထားပြီဖြစ်တဲ့အတွက် စက်တင်ဘာ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမယ်လို့   ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းလိတ်က ပြောပါတယ်။

“ဖိတ်စာမှာ တခါတည်း ရေးထားတယ်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့  စစ်မှန်တဲ့ ဖက်ဒရယ်ပေါ်ပေါက်ရေး၊ အဲဒီလေးချက်အပေါ်မှာ အခြေခံပြီး မိမိပါတီအဖွဲ့အစည်းရဲ့ သဘောထားကို စာတမ်းတွေ ပြင်ဆင်လာကြဖို့ ကျနော်တို့ ကမ်းလှမ်းထားပါတယ်။ တော်တော်များများလည်း ပြင်ဆင်နေကြပြီ။”

ဒီဆွေးနွေးပွဲမှာ အဓိကအားဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ၊ ၀ စည်းလုံးညီညွတ်ရေးပါတီ၊  ၀ အမျိုးသားပါတီ၊  မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီနဲ့ မွန်ပြည်သစ်ပါတီစတဲ့ အဖွဲ့ပေါင်း ၁၁ ဖွဲ့ ပါဝင်ဖို့ရှိပြီး အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားဘက်က တူညီတဲ့သဘောထားတွေ ရရှိနိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းနဲ့ ကယားပြည်နယ်က အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နဲ့ ငြိမ်းချမ်းရေးစင်တာကပုဂ္ဂိုလ်တွေ၊  ကေအန်ယူ၊  ကရင်ငြိမ်းချမ်းရေး ကောင်စီ(ကေအန်အယ်လ်အေ)၊ ကချင်၊  ချင်းနဲ့ ရခိုင်အစရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းကပုဂ္ဂိုလ်တွေကိုလည်း ဆွေးနွေးပွဲ တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။

ဒီဆွေးနွေးပွဲဟာ  တတိယဆင့် တိုင်းရင်းသားယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ ဖြစ်ပြီး  ပထမဆင့် ရှမ်းတိုင်းရင်းသားများကြားဆွေးနွေးပွဲကို ၂၀၁၂ နိုဝင်ဘာလမှာ၊ ဒုတိယဆင့် ရှမ်းနဲ့ ကယားတိုင်းရင်းသားတွေအကြား  ဆွေးနွေးပွဲကို ဒီနှစ် ဧပြီလမှာ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ဆွေးနွေးပွဲတက်ရောက်သူစာရင်း ပိုများလာတဲ့အတွက် ဆွေးနွေးပွဲနေရာကို နဂို တောင်ကြီးဟိုတယ်မှာ ကျင်းပဖို့စီစဉ်ထားရာက  ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းတိုက်မှာ ပြောင်းလဲကျင်းပဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013