DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့မရဲစခန်းက နယ်ထိန်းရဲတပ်ဖွဲ့ဝင် ၄ ဦး လူသတ်မှုဖြင့် အမှုဖွင့်ခံရ
DVB
·
January 15, 2021
ဝမ်းတွင်းမြို့မရဲစခန်းက နယ်ထိန်းရဲတပ်ဖွဲ့ဝင် ၄ ဦး လူသတ်မှုဖြင့် အမှုဖွင့်ခံရ
Donate to DVB

အရက်မူးပြီး ဆဲဆိုနေသူအား ရိုက်နှက်ဖမ်းဆီးရာမှ သေဆုံးသွားတဲ့အတွက် မန္တလေးတိုင်း ဝမ်းတွင်းမြို့မရဲစခန်းက နယ်ထိန်းရဲတပ်ဖွဲ့ ၄ ဦးကို လူသတ်မှုနဲ့ အမှဖွင့်ထားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

  ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်သိန်းဇော်သန်းက “နယ်ထိန်းရဲတပ်ဖွဲ့ဝင် ၄ ဦးလုံး လူသတ်မှုနဲ့ အမှုဖွင့်လိုက်တယ်၊ အခုတော့ စစ်ဆေးနေဆဲပါ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက်ညက ဝမ်းတွင်းမြို့နယ် ခင်ကြီးရွာမှာ အနိုင်(ခ)မင်းနိုင် အရက်မူးပြီး ဆူပူနေတယ်ဆိုပြီး လာရောက်တိုင်ကြားတာကြောင့်  နယ်ထိန်းရဲတပ်ဖွဲ့ဝင် ၄ ဦးက သွားရောက်ဖမ်းဆီးရာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၄ ဦး ရွာကအပြန် အရက်ဆိုင်ထဲမှာ အနိုင်(ခ)မင်းနိုင် (၃၆နှစ်) က ရဲတွေကို ဆဲနေတာကြောင့် ဝင်ရောက်ဖမ်းဆီးကြတယ်လို့ သိရပါတယ်။

အနိုင်(ခ)မင်းနိုင်ကို ရိုက်နှက်ဖမ်းဆီးခဲ့တာကြောင့် သတိလစ်မေ့မြောပြီး ဝမ်းတွင်းဆေးရုံကနေ မန္တလေးဆေးရုံကို ပြောင်းရွှေ့ဆေးကုသခဲ့ရလို့ အစ်မဖြစ်သူက တရားလိုလုပ်ပြီး ရိုက်နှက်မှူနဲ့ အမှုဖွင့်ခဲ့ပါတယ်။ 

အနိုင်(ခ)မင်းနိုင်ဟာ မန္တလေးဆေးရုံမှာ ဦးခေါင်းခွဲစိတ်ကုသမှုခံယူခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာ သေဆုံးသွားခဲ့တာကြောင့် ရိုက်နှက်မှုကနေ လူသတ်မှုကို ပြောင်းလဲပြီး အမှုဖွင့်လိုက်တာပါ။

ဝမ်းတွင်းမြို့မရဲစခန်းမှာ နယ်ထိန်းဒုတပ်ကြပ်အောင်စိုး၊ နယ်ထိန်းရဲတပ်သားတွေဖြစ်တဲ့ ဟိန်းထက်နေဇော်၊ သီဟကျော်နဲ့ မျိုးမင်းထိုက်တို့ကို လူသတ်မှု၊ အားပေးကူညီမှူ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ နဲ့ ဖမ်းဆီးအမှူဖွင့်ထားပါတယ်။

မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013