DVB Logo
Home
သတင်းတို
ဆန်ဈေးတက်လို့ အရန်ဆန် ထုတ်ရောင်း
DVB
·
September 17, 2013
ဆန်ဈေးတက်လို့ အရန်ဆန် ထုတ်ရောင်း
Donate to DVB

လက်ရှိကာလ ဆန်သစ်မပေါ်ခင် ဆန်ဈေးနှုန်း တရိပ်ရိပ်မြင့်တက်လာမှုကြောင့် ရန်ကုန်တိုင်း ဆန်စပါးကုန်စည်ဒိုင်ဟာ ၁ ရက်ကို အရန်ဆန် အိတ် ၂၀၀၀ လောက် ထုတ်ရောင်းပေးနေတယ်လို့ ဘုရင့်နောင်ပွဲရုံတန်းက ဆန်လုပ်ငန်းရှင် ဒေါ်ငယ်လေးက ပြောပါတယ်။

အရန်ဆန် ၁ အိတ်ကို ကျပ် ၁၆,၃၀၀ နဲ့ ရောင်းချပေးပေမယ့် အရေအတွက်နည်းတာ၊ ဆန်သားတက်ပြီး ဆန်အရည်အသွေး သိပ်မကောင်းတာကြောင့် လက်ရှိ ဆန်ဈေးနှုန်းတွေ ကျမသွားဘူးလို့ သူက ရှင်းပြပါတယ်။

လက်ရှိ ဆန်ချော ရွှေဘိုပေါ်ဆန်း ၁ အိတ် ကျပ် ၃၅၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကြမ်း ၁ အိတ် ကျပ် ၁၈၅၀၀ ၀န်းကျင် ဈေးပေါက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013