DVB Logo
Home
သတင်းတို
မြွေတောင်နှင့်ဖားတောင် သတ္တုတူးဖော်ရေးစီမံကိန်း အချိန်ယူ အကောင်အထည်ဖော်သင့်
DVB
·
September 17, 2013
Donate to DVB

ချင်းပြည်နယ် ကလေးမြို့နယ် မြွေတောင်နဲ့ ဖားတောင်မှာ အကောင်အထည်ဖော်မယ့်သတ္တုတူးဖော်ထုတ်လုပ်ရေးစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့အတွက် အချိန်ယူ ဆန်းစစ်ပြီးမှ အကောင်အထည် ဖော်သင့်ကြောင်း ချင်းပါတီ ၄ ပါတီက ပူးတွဲ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ စီမံကိန်းဧရိယာနဲ့ ဒေသခံတွေဆီ ကွင်းဆင်းပြီး ပြုစုခဲ့တဲ့ အစီရင်ခံစာနဲ့ ထုတ်ပြန် ချက်မှာ စီမံကိန်းမစတင်မီ အီးအိုင်အေနဲ့ အက်စ်အိုင်အေစတဲ့ သဘာဝပတ်ဝန်းကျင်ဆန်းစစ်ချက် လုပ်ငန်းကို ပြည်ပအဖွဲ့အစည်းတချို့ကို တာဝန်ပေး လုပ်ကိုင်စေပြီး တရားဝင် ထုတ်ပြန်စေသင့် ကြောင်း၊ နစ်နာသူတွေကို လျော်ကြေးပေးသင့်ကြောင်းနဲ့ စီမံကိန်း အကောင်အထည်ဖော်တာကိုစောင့်ကြည့်မယ့် ကော်မတီထားသင့်ကြောင်း၊ ချင်းပြည်နယ်အတွက် ၂ ရာခိုင်နှုန်းလောက်ပဲ အကျိုးခံစားရမယ်ဆိုတာ နည်းတဲ့အကြောင်း ဖော်ပြထားပါတယ်။

ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က ချင်းပြည်နယ်ဝန်ကြီးနဲ့ တွေ့ဆုံခဲ့ကြောင်း၊ ဒီစီမံကိန်းကို ပြည်ထောင်စုအဆင့်က အကောင်အထည်ဖော်တာကြောင့် သူကိုယ်တိုင်တောင် စာချုပ်ထဲ ဘာတွေပါတယ်ဆိုတာကို မယ်မယ်ရရ မသိရဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013