DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေအတွက် ရွှေဝါရောင်ဆရာတော်များ အလှူငွေ ကူညီကောက်ခံ
DVB
·
January 14, 2021
ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေအတွက် ရွှေဝါရောင်ဆရာတော်များ အလှူငွေ ကူညီကောက်ခံ
Donate to DVB

အစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေမှာ ထည့်ဝင်လှူဒါန်းနိုင်ဖို့ အထက်မြန်မာပြည်ရွှေဝါရောင်ဆရာတော်တွေ ဦးဆောင်ပြီး အလှူငွေတွေ ကောက်ခံပေးနေပါတယ်။

ဇန်နဝါရီ ၁၃ ရက်မှာတော့ ဆရာတော် ၁၀ ပါးဖြစ်တဲ့ ဦးပညိဿရာလင်္ကာရ၊ ဦးကောဝိဒ (မင်္ဂလာမြန်မာကျောင်းဆရာတော်)၊ ဦးပညာဇောတ(ဖန်မီးအိမ်)၊ ဦးပဏ္ဍိတ (အောင်သပြေ)၊ ဦးရေဝတ(ဣစ္ဆာသယ)၊ ဦးစိန္တိတ(ရွှေဝါရောင်)၊ ဦးသုမန(မြတောင်)၊ ဦးအာစာရ(မြတောင်)၊ ဦးဧသိက(မင်္ဂလာမြန်မာ)၊ ဦးသောဘိတ(အလင်္ကာကြယ်)၊ ရွှေညဝါဆရာတော်တို့က စုစုပေါင်း လှူဒါန်းငွေ ကျပ် ၉၇၀,၀၀၀ ကို မ,တည်ထည့်ဝင်ထားခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဝယ်ယူနိုင်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းထားခဲ့ပြီး ကာကွယ် ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအဖြစ်   နိုင်ငံတော်က မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့  ကျပ်သန်း ၁၀၀၀  စတင် ထည့်ဝင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆပ်ကော်မတီကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်မှာ ဘဏ်အကောင့် ၂ ခု ဖွင့်လှစ်ထားတာပါ။

ရန်ပုံငွေအတွက် နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 မှာ နိုင်ငံတော်က မတည်ရန်ပုံငွေ အဖြစ် ကျပ် ၃၃၈ ဘီလီယံလောက်နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ စတင် ထည့်သွင်း ပေးထားမှာဖြစ်သလို မြန်မာငွေစာရင်းအမှတ် OA 013733 မှာလည်း နိုင်ငံတော်က မြန်မာကျပ်ငွေ သန်း ၁၀၀၀ ကို စတင်ထည့်သွင်းထားပါတယ်။

ကာကွယ်ဆေးဝယ်ယူဖို့အတွက် ပြည်တွင်းပြည်ပကနေ ပါဝင်လှူဒါန်းလိုကြတဲ့ ပြည်သူတွေ အနေနဲ့ အထက်ပါ ဘဏ်စာရင်းတွေမှာ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့လည်း အသိပေးကြေညာ ထားပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်တွင်း ထိပ်သီးလုပ်ငန်းရှင်တချို့က ပါဝင်လှူဒါန်းမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က ကာကွယ်ဆေး ရန်ပုံငွေအတွက် ငွေကျပ် ၂ ဘီလီယံ၊ ဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကအမေရိကန်ဒေါ်လာ ၁ သန်းခွဲ၊ Capital Diamond Star Group လုပ်ငန်းက  အမေရိကန်ဒေါ်လာ ၁ သန်းလှူဒါန်း ထား ပါတယ်။

အဲဒီနောက် တပ်မတော်ကလည်း ဇန်နဝါရီ ၇ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ထည့်ဝင်လှူဒါန်း ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကမ္ဘောဇဘဏ်က ကျပ်သန်း ၃၀၀၀ ထည့်ဝင်လှူဒါန်း ထားခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ အထက်မြန်မာပြည်ရွှေဝါရောင်ဆရာတော်တွေ ဦးဆောင် လှူဒါန်းမှုမှာ ပါဝင်လှူဒါန်းသူတွေရှိနေပြီး ပါဝင်လိုသူတွေအနေနဲ့   ဆယ်သွယ်လှူဒါန်း လိုပါက အရှင်အာစာရ(Ashin Rsara)၊ ဖုန်း-၀၉ ၄၀ ၂၆ ၂၃ ၄၅၃ နဲ့ အရှင်သောဘိတ (Sobhita)၊ ဖုန်း-၀၉ ၇၇၇၇ ၂၂၂ ၉၉ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013