DVB Logo
Home
မြန်မာသတင်း
ပရဟိတမင်းသားကြီး ဦးကျော်သူ မောင်းလာသည့် နိဗ္ဗာန်ယာဉ် အပါအဝင် ကား ၅ စီး ဆင့်တိုက်မိ
DVB
·
January 13, 2021
ပရဟိတမင်းသားကြီး ဦးကျော်သူ မောင်းလာသည့် နိဗ္ဗာန်ယာဉ် အပါအဝင် ကား ၅ စီး ဆင့်တိုက်မိ
1 / 2
Donate to DVB

နာရေးကူညီမှုအသင်း- ရန်ကုန်ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူ မောင်းနှင်လာတဲ့ နိဗ္ဗာန်ယာဉ် အပါအဝင် ကား ၅ စီး မတော်တဆ ဆင့်တိုက်မိမှု ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရခဲ့တာ မရှိပေမဲ့ နာရေးကူညီမှုယာဉ် အပါအဝင် ကားတွေကတော့ ပွန်းပဲ့ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ပါတယ်။
အဆိုပါ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ဦးကျော်သူက သူ့ရဲ့ လူမှုကွန်ရက်မှာ “ ယနေ့ နာရေးကူညီမှုလမ်းကြောင်း ရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင် ပင်မကားများရှင်းပါက တစ်ဖက်လမ်းသို့ ကူးရန်အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနှင့် လိုက်ထရပ်ကားအား နောက်မှ အဝေးပြေးခရီးသယ်တင်ကားတစ်စီးမှ တိုက်လိုက်၍ ရှေ့ဆုံးတွင်ရပ်နေသော ကားမှာတစ်ဆင့်ချင်းတိုက်ခံရပြီး ကျွန်တော်မောင်းလာသည့် နာရေးနိဗ္ဗာန်ယာဉ်အား ရှေ့ဘေးမှ ဆောင့်တိုက် လိုက်၍ မိမိမှရှောင်လိုက် သော်လည်း မိမိ၏ ညာဘက်ရှိ ဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဘက် ကိုမိမိမှ တစ်ဆင့်တိုက်မိတော့သည်”လို့ ရေးထားပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဦးကျော်သူကို သုခဆေးခန်းမှ တာဝန်ရှိသူတွေက ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။

PHOTO CREDIT- KYAW THU FACEBOOK

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013