DVB Logo
Home
မြန်မာသတင်း
ကရင်နိုင်ငံရေးပါတီများ တပါတီတည်း ပေါင်းစည်းရေး ဆွေးနွေး
DVB
·
September 16, 2013
Donate to DVB

၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့  ကရင်နိုင်ငံရေးပါတီ ၄ ပါတီဟာ တပါတီ တည်းပေါင်းစည်းဖို့ ကရင်ပြည်နယ် ဘားအံမြို့မှာ စက်တင်ဘာ ၁၄ နဲ့ ၁၅ ရက်နေ့တွေက ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။

နှစ်ရက်တာ ဆွေးနွေးပွဲမှာ ပါတီပူးပေါင်းရေးသာ အဓိကထား ဆွေးနွေးခဲ့ကြပြီး သဘောတူ ဆုံးဖြတ်ချက်ချနိုင်ခဲ့ခြင်းတော့ မရှိသေးပါဘူး။

ဒါပေမယ့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် ကရင်ပြည်နယ်တခုလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ကရင်ပြည်သူတွေအားလုံး ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေး ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ကရင်ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ စောစေးဝါးက ပြောပါတယ်။

“ပထမဆုံးဦးတည်တာကတော့ ပါတီတွေ တပါတီတည်းဖြစ်ရေးကို ဦးတည်တာပေါ့။ ဒါပေမယ့် ပါတီက ၃၊ ၄ ပါတီရှိတော့ ချက်ချင်းတော့ မဖြစ်နိုင်ဘူးလေ။ မဖြစ်နိုင်တော့ ပါတီ ၄ ပါတီက ကရင်အမျိုးသားအကျိုးအတွက် ဆွေးနွေးကြတယ်။”

ဒီဆွေးနွေးပွဲကို ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီတွေက ကိုယ်စားလှယ် ၁၀ ဦးစီ ပါဝင်တက်ရောက် ခဲ့ကြတာပါ။

ဆွေးနွေးပွဲအတွင်း ကရင်ရေးရာကိစ္စတွနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ  ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့ အချက်တွေကို သဘောညီခဲ့ကြပြီး အနာဂတ်မှာ လုပ်ဆောင်ရမယ့် အချက် ၁၀ ချက်ကိုလည်း ဆွေးနွေးချမှတ်ခဲ့တယ်လို့ စောစေးဝါးက ဒီဗွီဘီကို ပြောပါတယ်။

ဒီလုပ်ဆောင်ရမယ့်အချက်တွေထဲမှာ ကရင်နိုင်ငံရေးပါတီတွေအားလုံး တပါတီတည်း အဖြစ်ပေါင်းစည်းရေး၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီတွေညှိနှိုင်းဆောင်ရွက်ရေး၊ နိုင်ငံတွင်း ကရင်တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေက အသက် ၁၈ နှစ်အထက်  ပြည်သူတွေ မဲပေးပိုင်ခွင့်ရရေး လုပ်ဆောင်ဖို့နဲ့  ကရင်ပြည်နယ်ဒေသအားလုံးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀  ရွေးကောက်ပွဲမှာ   ကရင်ပြည်နယ် မြ၀တီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်နဲ့ သံတောင် စတဲ့ မြို့နယ် ၇ မြို့နယ်က  ကျေးရွာအုပ်စုပေါင်း ၁၅၀ ကျော်မှာ  ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013