DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ၃ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
DVB
·
January 13, 2021
ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ၃ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ​မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ယောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကြောင့်   ဇန်နဝါရီ ၁၃ ရက်က ​ရဲစခန်းကို လော့ဒေါင်းချထားလိုက်တယ်လို့  မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

​ညောင်​လေးပင်​မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက  အသက် ၃၀ အရွယ် ဒုတပ်ကြပ် ရဲမေတစ်ယောက် ဖျား​နာပြီး အနံ့မရရှိတာ​​ကြောင့် ​မြို့နယ်ဆေးရုံကို မ​နေ့ည​ကဆက်သွယ်လာလို့ RDT Test Kid  နဲ့ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာ ​ဖြစ်ပါတယ်။

ဒီကနေ့ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၈၁ ယောက်ကို  RDT Test Kid နဲ့ ထပ်မံ စစ်ဆေးရာမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ တခြားရဲတပ်သားတစ်ယောက်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာလို့ မြို့နယ်ဆေးရုံအုပ်ကြီးဒေါက်တာ သောင်းဒန်ဦးက ဒီဗွီဘီ ကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်လောက်က  မြို့နယ်ရဲမှူးနဲ့  ဒုတပ်ကြပ်ရဲ​မေတို့ သနပ်ပင်မြို့ကို သွားရောက်ပြီး အမှုတစ်ခုစစ်ဆေးခဲ့တဲ့ ခရီးသွားရာဇဝင်ရှိခဲ့တာ​ဖြစ်​ပါတယ်။

ရဲစခန်းလော့ဒေါင်းချတာနဲ့ပတ်သက်ပြီ လုံ​ခြုံ​ရေးအပါအဝင်​ရဲလုပ်ငန်းတွေကို မြို့နယ် ကိုဗစ် ကော်မတီနဲ့ ဆွေးနွေးပြီဆောင်ရွက်သွားမှာ​​ဖြစ်​ပြီး ထိစပ်မှုရှိတဲ့သူ​တွေကို ​ဖော်ထုတ်ကာ လိုအပ်တဲ့ စစ်​ဆေးမှု​တွေ ဆက်လက်​ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ သောင်းဒန်ဦးက ပြောပါတယ်။

"မြို့နယ်ရဲမှူးနဲ့ ရဲတပ်သားကို မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးသွားမှာဖြစ်ပြီး ရဲမေကိုတော့ မြို့နယ်တိုင်းရင်းဆေးရုံမှာ  ဆေးကုသပေးသွားမှာပါ။ ညောင်လေးပင်မြို့နယ်မှာ ပိုးတွေ့လူနာတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်ပေးဖို့နဲ့ အပြင်ထွက်တိုင်း Maskတပ်ပေးဖို့ တတ်နိုင်သလောက် အိမ်မှာနေဖို့ မေတ္တာရပ်ခံ တိုက်တွန်းပါတယ်"

ကိုဗစ်ဒုတိယလှိုင်းအတွင်း ညောင်လေးပင်မြို့နယ်မှာ စက်တင်ဘာ ၂၆ ရက်က စပြီး ဒီနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၂၂၇ ယောက်ရှိတဲ့အထဲမှာ  ၂၂၁ ယောက်  ဆေးရုံဆင်းခွင့်ရရှိထားကာ ၁၆  ယောက်က မြို့နယ်အတွင်းက ဆေးရုံတွေမှာ ဆေးကုမှုခံယူနေပြီး အ​ခြေအ​နေ​ကောင်းမွန်​နေ​ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013