DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလ အခက်ဆုံးအချိန်ဖြစ်ဟု ဒေါ်စုပြော
DVB
·
September 16, 2013
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလ အခက်ဆုံးအချိန်ဖြစ်ဟု ဒေါ်စုပြော
1 / 2
Donate to DVB

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ လက်ရှိ အချိန်ဟာ အခက်အခဲဆုံးနဲ့ စိမ်ခေါ်မှု အကြီးမားဆုံး အချိန်ဖြစ်ပြီး မှန်မှန်ကန်ကန် ရွေးချယ်လုပ်ကိုင်နိုင်ဖို့ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အရှေ့ဥရောပ ၃ နိုင်ငံ လေ့လာရေးခရီးစဉ်အတွင်း ချက်ပြည်သူ့ သမ္မတနိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပရပ်ဂမြို့မှာ စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ ဖိုရမ် ၂၀၀၀  ဆွေးဆွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။

“မြန်မာနိုင်ငံရဲ့ အသွင်းကူးပြောင်းရေးကာလမှာ မကြုံဖူးတဲ့ အကြီးမားဆုံး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတဲ့အချိန် ဖြစ်ပါတယ်။ အကြီးမားဆုံး စိန်ခေါ်မှုတွေဟာ ကျမတို့ နေအိမ်အကျယ်ချုပ် နေရတဲ့အချိန်မျိုး မဟုတ်ပါဘူး။  အကျဉ်းထောင်တွေထဲမှာ ဒီမိုကရေစီ  ဘက်တော်သားတွေနဲ့ ပြည့်နေတဲ့ အချိန်မျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်ဟာ ကျမတို့အတွက် အခက်အခဲဆုံးနဲ့ စိန်ခေါ်မှု အကြီးဆုံးအချိန်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု ရလာတဲ့အခွင့်အရေးတွေကို ကောင်းကောင်း အသုံးမချရင် ဘယ်တော့မှ ဒီလိုအချိန်မျိုး နောက်ထပ် ပြန်ရနိုင်မှာမဟုတ်ပါဘူး။ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ဖို့ဟာ အသွင်ကူးပြောင်းရေးကာလမှာ အရေးကြီးဆုံး ကိစ္စဖြစ်ပါတယ်။”

ဒ့ါအပြင်  မြန်မာနိုင်ငံဟာ လောလောဆယ်မှာ အသွင်ကူးပြောင်းရေးကာလကို ရောက်ဖို့ ကြိုးစားနေဆဲ အဆင့်ပဲ ဖြစ်လို့ အလွန်အကျွံ အကောင်းမြင်တာမျိုးကြောင့် လမ်းပျောက်သွားနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အသွင်ကူးပြောင်းခါစ လူ့အဖွဲ့အစည်းခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ သတိပေးသွားပါတယ်။

မိန့်ခွန်းမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ချက်သမ္မတဟောင်း ဗားကလက်ဟာဗယ်ရဲ့ မြန်မာ့ ဒီမိုကရေစီရေးအတွက် ထောက်ခံအားပေးခဲ့တာတွေကိုလည်း ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို တက်ဖို့ ပွဲစတင်ကျင်းပတဲ့ ၁၉၉၇ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တာ ဖြစ်ပေမယ့် ဒီနှစ်ကျမှ ပထမဆုံး အကြိမ်အဖြစ် တက်ရောက်နိုင်ခဲ့ပါတယ်။

ဖိုရမ် ၂၀၀၀ ညီလာခံကို ကမ္ဘာ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပညာရှင်တွေက လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတာတွေကို ဆွေးနွေးဖလှယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့  နှစ်စဉ် ကျင်းပတာလည်း ဖြစ်ပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/aung san suu kyi forum 2000/]



 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013