DVB Logo
Home
Lead Story
အာလိန်ငါးဆင့်ဘုရားဝင်းတွင် အကျဉ်းချုံးကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲ (ဓာတ်ပုံ) 
DVB
·
January 13, 2021
အာလိန်ငါးဆင့်ဘုရားဝင်းတွင် အကျဉ်းချုံးကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲ (ဓာတ်ပုံ) 
1 / 11
Donate to DVB

၂၇၆၀ ပြည့်နှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ရန်ကုန်တိုင်း၊  အင်းစိန်မြို့နယ်ရှိ မဟာဆေးဝင်္ဂဘာအာလိန်ငါးဆင့်ဘုရားဝင်းမှာ ဒီကနေ့မနက်က ကရင်တိုင်းရင်းသားအနည်းငယ်နဲ့ အကျဉ်းချုံး ကျင်းပပါတယ်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်) ဥက္ကဋ္ဌ ပါမောက္ခ ဖဒိုမန်းရွှေပြည်အေးက "ပုံမှန်အတိုင်းမြို့နယ်အဆင့်ဆင့်ကို ခွင့်ပြုမိန့်တင်ရပါတယ်။ ကိုဗစ်ကာလဆိုတော့ ကျန်းမာရေးအရ ကန့်သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာပြီးလုပ်တာပါ။ အလံတင်အခမ်းအနားရယ် ဟောပြောပွဲရယ်ပဲ လုပ်ပါတယ်"လို့  ပြောပါတယ်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို အရင်နှစ်တွေက  ပြိုင်ပွဲတွေ၊ ကရင်ရိုးရာအကတွေ၊ ပွဲလမ်းသဘင်တွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပြီး အခုနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် အကျဉ်းချုံးကျင်းပတာ ဖြစ်ပါတယ်။

Photo - Ye Myo Khant / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013