DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူပေးရန်တောင်းဆိုချက် ပယ်ချခံရ  
DVB
·
January 12, 2021
ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူပေးရန်တောင်းဆိုချက် ပယ်ချခံရ  
Donate to DVB

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးဖို့ မရှိတဲ့ အကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ဇန်နဝါရီ ၁၂ ရက်‌နေ့စွဲနဲ့ အကြောင်းပြန်ကြား လိုက်ပါတယ်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးဖို့  ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက ပြည်ထောင်စုလွှတ်တော် နာယကထံ စုစည်းတင်ပြတောင်းဆိုထားတဲ့ အပေါ် လွှတ်တော်ရုံးက အကြောင်းပြန်လိုက်တာ ဖြစ်ပါတယ်။

အထူးအစည်းအဝေးခေါ်ယူကျင်းပဖို့ တင်ပြတောင်းဆိုတဲ့ အကြောင်းပြချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်တွေအရ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူရမယ့် ကိစ္စမဟုတ်တာ၊  ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်ကို တိုင်ကြားကန့်ကွက်တာတွေကို ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်တာကြောင့် အထူးအစည်းအဝေးခေါ်ယူကျင်းပဖို့ မလိုအပ်ဖူးလို့ လွှတ်တော်ရုံးရဲ့ အကြောင်းပြန်စာမှာဖော်ပြထားပါတယ်။  

လွှတ်တော် အထူးအစည်းအဝေးခေါ်ပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ် စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ လွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၀ ဦးတို့က ပူးပေါင်း တောင်းဆိုထားတာဖြစ်ပါတယ်။ 

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ကျန်ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေး မဆုံးရှုံးစေဖို့၊ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးနိုင်ဖို့၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ နိုင်ငံတော်အခြေခံမူတွေ မပျက်ယွင်းအောင် ပြည်ထောင်စုလွှတ်တော်က ထိန်းကျောင်း ဆောင်ရွက်နိုင်ရန်ဖို့စတာတွေကို  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တို့နဲ့အညီ တောင်းဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013