DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင် စမတ်ဖုန်း သုံးစွဲသူ တိုးလာ
DVB
·
September 16, 2013
မြန်မာပြည်တွင် စမတ်ဖုန်း သုံးစွဲသူ တိုးလာ
Donate to DVB

မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူ ဦးရေ မြင့်တက်လာသလို စမတ်ဖုန်းနဲ့  Tablet ကွန်ပျူတာ သုံးစွဲသူ အရေအတွက်လည်း ဒီနှစ်ထဲ သိသိသာသာ တိုးတက်လာတယ်လို့ ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်း အရောင်းအ၀ယ် လုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်နေသူတွေက  ပြောပါတယ်။

သွားလေရာမှာ အလွယ်တကူသယ်ဆောင်နိုင်ပြီး ကွန်ပျူတာ ၁ လုံးလို လုပ်ဆောင်ချက်တွေ ပါဝင်တဲ့စမတ်ဖုန်းတွေနဲ့ Tablet လို့ ခေါ်တဲ့ သင်ပုန်းကွန်ပျူတာတွေကို ၀ယ်ယူသုံးစွဲမှုဟာ ရန်ကုန်နဲ့ မန္တလေး ဈေးကွက်မှာရော တခြားမြို့ကြီးတွေမှာပါ မြင့်တက်လာနေတာလို့ ဆိုပါတယ်။

မိုဘိုင်းဖုန်းလုပ်ငန်းရှင် ဦးထက်မြတ်အောင်က “သုံးတဲ့သူတွေကတော့ တက်လာပါတယ်။ အဓိကဘာကြောင့်တက်လာတာလဲဆိုရင် ဈေးနှုန်းတခုကြောင့်လဲပါလာသလို ရွေးချယ်စရာတွေလည်းများလာတာကြောင့်ပါ။ အရင်တုန်းက တတ်နိုင်တဲ့လူတန်းစားတရပ်လောက်အတွက်ပဲ ရှိခဲ့တာလေ။ အခုဆို တရုတ်သင်ပုန်းကွန်ပျူတာတွေလည်း ဝင်လာတော့ လူတော်တော်များများ လက်လှမ်းမီ လာတာပေါ့။ အင်တာနက်အသုံးပြုမှုတွေကလည်း အရင်ကထက် တက်လာတယ်။ ဒီထက်ပိုပြီး ဈေးကွက်မှာ တိုးလာဖို့ပဲ ရှိပါတယ်” လို့ ပြောပါတယ်။

မြန်မာမိုဘိုင်းဖုန်းဈေးကွက်မှာ ဆမ်ဆောင်း၊ အိတ်တီစီ၊ ဟွားဝေးနဲ့ ပန်းသီးစတဲ့ အမှတ်တံဆိပ် စမတ်ဖုန်းတွေ လူကြိုက်များပြီး ၀ယ်ယူသူတွေအများစုကတော့ လုပ်ငန်းခွင် ၀င်နေတဲ့ ကုမ္ပဏီဝန်ထမ်း လူငယ်လူရွယ်တွေနဲ့ စီးပွားရေးလောကက လူကြီးပိုင်းတွေရဲ့ ၀ယ်ယူသုံးစွဲမှုကလည်း  အရင်နှစ်တွေကထက် စာရင် ပိုများလာတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီဝန်ထမ်းတဦးဖြစ်တဲ့ ဒေါ်ခင်မြတ်က အဆင့်မြင့်နည်းပညာသုံးမိုဘိုင်းဖုန်းတွေရဲ့  အကျိုးကျေးဇူး၊ အသုံးဝင်ပုံတွေနဲ့ပတ်သက်ပြီး  အခုလိုပြောပါတယ်။

“ကိုယ့်ရဲ့အချိန်တွေအများကြီးသက်သာတယ်။ ပိုပြီးတော့ အလုပ်တွင်ကျယ်တယ်။ အချိန်ကုန် သက်သာတယ်။ အမြဲတမ်းသုံးဖြစ်တယ်။ အလုပ်လုပ်တဲ့အခါ အမြဲစမတ်ဖုန်းနဲ့ပဲ သုံးဖြစ်တယ်။ စမတ်ဖုန်းက ၁ ရက်တာမှာ ၁၀ နာရီလောက် နေရာယူထားတယ်လို့ ထင်တယ်။”

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက  မကြာသေးခင်ကမှ နိုင်ငံတကာကုမ္ပဏီကြီး ၂ ခုကို  ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါချပေးထားတဲ့အတွက် ဒီကုမ္ပဏီကြီးတွေ လုပ်ငန်းစတင်တာနဲ့  ပြည်တွင်းမှာ အင်တာနက်သုံးစွဲသူ ထပ်တိုးလာနိုင်ပြီး   စမတ်ဖုန်းနဲ့ Tablet ကွန်ပျူတာတွေလည်း တဆက်တည်း အ၀ယ်လိုက်နိုင်တယ်လို့  မိုဘိုင်းဖုန်း လုပ်ငန်းရှင်တွေက မျှော်လင့်နေပါတယ်။

မိုဘိုင်းဖုန်းလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးမြတ်ထူးက “လက်ရှိစမတ်ဖုန်းနဲ့ သင်ပုန်းကွန်ပျူတာဈေးကွက်မှာ သင်ပုန်းကွန်ပျူတာက ဒီထက်ပိုပြီး သုံးစွဲမှုတိုးတက်လာဖို့ပဲ ရှိပါတယ်။ မြန်မာပြည်ရဲ့ စမတ်ဖုန်းဈေးကွက်ကလည်း ထပ်ပြီး ကြီးလာဦးမှာပါ။ ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ နောက်ပြီး အင်တာနက်လိုင်းတွေချဲ့နေတာနဲ့ဆို စမတ်ဖုန်းနဲ့ သင်ပုန်းကွန်ပျူတာဈေးကွက်က တော်တော်ကြီးကို ကြီးလာဦးမှာပါ” လို့ ပြောပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ အစိုးရက ဖုန်းဆင်းမ်ကတ်တွကို ခွဲတမ်းနဲ့ မဲဖောက်ရောင်းချပေးနေတဲ့စနစ်ကို မပြင်ဆင်ဘူးဆိုရင် နိုင်ငံရဲ့ အင်တာနက်သုံးစွဲနှုန်းကို အကန့်အသတ် ဖြစ်စေမှာဖြစ်ပြီးတော့ စမတ်ဖုန်းနဲ့ Tablet တွေရဲ့ ဈေးကွက်ဟာလည်း  အိမ်နီးချင်းနိုင်ငံတွေထက် ဆက်နိမ့်စေဦးမယ်လို့  ဈေးကွက်ကျွမ်းကျင် လုပ်ငန်းရှင် တွေက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ (အိုင်တီယူ) ရဲ့ ၂၀၁၀ ခုနှစ်က ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့ အင်တာနက်သုံးစွဲသူအရေအတွက်က လူဦးရေသန်း ၅၀ ကျော်မှာ ၁ သိန်း ၁ သောင်းလောက်ပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အင်တာနက်သုံးစွဲသူအရေအတွက်က  ၁၂ သိန်းနီးပါးလောက်အထိ မြင့်တက်လာတယ်လို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013