DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၃ ဦး ရှိလာ
DVB
·
January 12, 2021
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၃ ဦး ရှိလာ
Donate to DVB

ကယားတပြည်နယ်လုံးအနေနဲ့ ဇန်နဝါရီ ၁၂ ရက် အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း  ၁၀၃ ယောက် ရှိလာပြီလို့ ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ  လွိုင်ကော်မြို့၊ ယာယီ ကုန်တင်ယာဉ် ရပ်နားစခန်း ဖြစ်တဲ့ သစ်ဆိပ်က ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၁၀၃ ယောက်ကို  RDT နဲ့ စစ်ဆေးခဲ့ရာ ၃ ယောက် ရောဂါပိုး တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ကယားပြည်နယ်မှာ  ဒီကနေ့ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၃ ယောက် ရှိလာပြီဖြစ်ပြီး ပိုးတွေ့သူအများစုမှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ရန်ကုန်ပြန်နဲ့ တခြားဒေသက နေပြည်နယ်အတွင်းလာရောက်သူတွေဖြစ်ပါတယ်။ ပိုးတွေ့သူ ၁၀၃ ယောက် အနက် အသက် ၇၀ ကျော်အရွယ်အဘိုးအိုတဦး ကွယ်လွန်သွားခဲ့ပါတယ်။

အဆိုပါအတည်ပြုလူနာထဲမှာ လွိုင်ကော်မြို့နယ်မှာ ၇၅ ယောက် ၊ ဒီးမော့ဆိုမြို့နယ်မှာ ၂၇ ယောက် နဲ့ မယ်စဲမြို့နယ်မှာ ၁ ယောက် တို့ဖြစ်ပြီး ၇၈ ယောက် ဆေးရုံဆင်းသွားကာ တစ်ယောက် သေဆုံးခဲ့ပါတယ်။

လွိုင်ကော် ပြည်သူ့ ဆေးရုံကြီးမှာ ကုသမှု ခံယူနေတဲ့  ပိုးတွေ့ လူနာတွေထဲက အသက် (၇၂)နှစ် အရွယ် အမျိုးသမီးမှာ သွေး အောက်ဆီဂျင် ပါဝင်မှု ကျဆင်းလာလို့ အောက်ဆီဂျင် ပေးထားရပါတယ်။

နောက်ထပ် ပိုးတွေ့အမျိုးသားတစ်ယောက်ကလည်း  သွေး အောက်ဆီဂျင် ပါဝင်မှု ကျဆင်းလို့ ဇန်နဝါရီ ၇ ရက်နေ့ကစပြီး လွိုင်ကော် ပြည်သူ့ ဆေးရုံကြီရဲ့  သီးသန့် အထူးကြပ်မတ် ကုသဆောင်မှာ ပို့ဆောင်ကုသထားပါတယ်။

ကျန်ပိုးတွေ့ လူနာတွေရဲ့ အခြေအနေကတော့ ကောင်းမွန်နေတယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013