DVB Logo
Home
အာရှဒေသ
ပါကစ္စတန်မှာ လန်ချားနဲ့ ငြိမ်းချမ်းရေး မြှင့်တင်
DVB
·
September 16, 2013
ပါကစ္စတန်မှာ လန်ချားနဲ့ ငြိမ်းချမ်းရေး မြှင့်တင်
Donate to DVB

ပါကစ္စတန်မှာ လန်ချားတွေကို ငြိမ်းချမ်းရေးသတင်းစကားတွေ ပျံ့နှံ့အောင် လုပ်ဖို့ အသုံးပြုနေပါတယ်။ အရောင်အသွေးစုံအောင် ပြင်ဆင်ထားတဲ့ လန်ချားတွေက မကြာခဏ ဆိုသလို နိုင်ငံရေးစီမံချက်တွေရဲ့ စတစ်ကာတွေ၊ ပန်းချီပုံတွေနဲ့ ဖုံးနေတတ်ပါတယ်။

အသက် ၇၀ ရှိပြီဖြစ်တဲ့ လန်ချားမောင်းသမား မိုဟာမက် ဆာလ်ဖာရတ်က လမ်းပေါ်ထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူ့ရဲ့ ရှည်လျားတဲ့မုတ်ဆိတ်ဖြူဖြူကြောင့် သူ့ကို လူတော်တောာ်များများက အာမန်ဘာဘာ ဒါမှမဟုတ် ငြိမ်းချမ်းရေးဦးကြီးလို့ ခေါ်ကြပါတယ်။

မိုဟာမက်ဆာလ်ဖာရတ်က "ဒီငြိမ်းချမ်းရေးလန်ချားက ငြိမ်းချမ်းရေးသတင်းစကား တခုကို ပေးလေ့ရှိပါတယ်။ လူတွေဟာ ညီညီညွတ်ညွတ်နဲ့ အတူတူနေသင့်ပါတယ်။ တနေ့မှာ ကျနော် လန်ချားကို ပန်းချီဆွဲပေးချင်တဲ့ အန်ဂျီအိုဝန်ထမ်းတယောက်နဲ့ ကျနော်သူငယ်ချင်းတယောက်က မိတ်ဆက်ပေးခဲ့တယ်။ ကျနော်က ၀မ်းသာအားရပဲ ဆွဲပေးမယ့်သူတွေကို သူတို့ဆွဲချင်တာတွေ  ဆွဲလို့ ပြောလိုက်တယ်လေ။ သိပ်ကောင်းတယ်ဗျာ။ အဲဒီ ကြွေးကြော်သံတွေကို ဖတ်တဲ့သူတိုင်းက သဘောကျတယ်ဗျ။ လူတော်တော်များများက ကျနော့်ကို ကျနော့်ရဲ့ လန်ချားကြောင့် ငြိမ်းချမ်းရေးဦးကြီးလို့ ခေါ်နေကြပြီလေ" လို့ ပြောပါတယ်။

ငြိမ်းချမ်းရေး လန်ခြားမှာ စိတ်ဝင်စားစရာ၊ ရယ်စရာ၊ လမ်းဘေးပန်းချီတွေ ရေးဆွဲထားပါတယ်။ ဒီ နှလုံးပုံ ပန်းချီကားမှာ “မေတ္တာတရား၊ သည်းခံခြင်းတရားနဲ့ ငြိမ်းချမ်းရေး” ဆိုတဲ့ နိုင်ငံတကာ သတင်းစကားနဲ့ ပျံသန်းနေပါတယ်။ တခြားတခုက “ကျနော်က လန်ခြားမောင်းနေတာပါ။ သေနတ်နဲ့ ပစ်နေတာ မဟုတ်ပါဘူး” တဲ့။ နောက်တခုမှာတော့ “ကရာချီမှာ ငြိမ်းချမ်းရေး ဆွေးနွေးကြစို့” လို့ ရေးထားပါတယ်။

ပါကစ္စတန်တ၀ှမ်းမှာ လန်ချားတွေ သန်းနဲ့ချီ ရှိနေပြီး သူတို့တွေကို နိုင်ငံရေး ဒါမှမဟုတ် ဘာသာရေး အနေအထားတခုကို မြှင့်တင်ပေးဖို့ အသုံးချလေ့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်မှာ လူငယ် ၃၀၀ ကျော်ပါတဲ့ အုပ်စုတခုဖြစ်တဲ့ ပါကစ္စတန်လူငယ်မဟာမိတ်အဖွဲ့က လန်ချားတွေကို တခြားရည်ရွယ်ချက်တွေနဲ့ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအဖွဲ့ကို ပူးတွဲတည်ထောင်သူ မာဂျန်းကန်ဝါက "သိပ်ပြီးထင်ရှားတဲ့ ဓမ္မဥဒါဝ ရှိပါတယ်။ အဲဒါက ဘာသာရေး အုပ်စုတခုပါ။ သူတို့က အဲဒီအုပ်စုကို အိန္ဒိယ၊ အမေရိကန်နဲ့ အစ္စရေးလ် မုန်းတီးရေးတွေပြောဖို့ အသုံးပြုနေကြတာရှင့်။ အဲဒါက လာဟိုးမြို့တော်မှာ ဖြစ်ခဲ့တာပါ။ နောက်တော့ လန်ချားအနုပညာကို နိုင်ငံရေးသမားတွေက သူတို့ရဲ့ နိုင်ငံရေး စီမံချက်တွေအတွက် အသုံးပြုလာတာကို တွေ့လာရပါတယ်။ ဒါကြောင့် ကျမတို့က အဲဒါကို ငြိမ်းချမ်းရေးနဲ့ အပြုသဘောဆောင်တာတွေ ပျံ့နှံ့ဖို့ သည်းခံခြင်းတရား စတာတွေအတွက် အကျိုးသက်ရောက်မှုတခု ချန်ထားခဲ့ဖို့ အသုံးချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လန်ချားတွေက အဆင်အပြေဆုံးနည်းလမ်းပဲလေ” လို့ ပြောပါတယ်။

အစပိုင်းမှာ ပါကစ္စတန်လူငယ်အုပ်စုက စီမံချက်ရဲ့ အစိတ်အပိုင်းတရပ်အဖြစ် ငြိမ်းချမ်းရေး လန်ချား ၅၀ လောက်ကို အသုံးပြုခဲ့ကြပါတယ်။ အခုတော့ နောက်ထပ် လန်ချားအစီး ၁၀၀ က အပြင်အဆင် လုပ်နေကြပါလို့ ဆိုပါတယ်။

“အခုထိ ဖြစ်နေတာတွေက သိပ်ကိုကောင်းပါတယ်။ သတင်းမီဒီယာတွေကနေ သာမန် ပြည်သူလူထု၊ လန်ချားမောင်းသမားတွေ၊ အနုပညာရှင်တွေ၊ လူ့အဖွဲ့အစည်း၊ ခရီးသည်တွေနဲ့ လူတိုင်းလူတိုင်းအထိ အဲဒါကို သဘောကျ နှစ်သက်နေကြပါပြီရှင်။”

လန်ချားမောင်းသမားတွေကတော့ သူတို့လုပ်ငန်းအတွက် ကောင်းတယ်လို့ ပြောနေကြပါတယ်။

လန်ချားမောင်းသမား ခဒါဒန်က “ကျနော့် လန်ချားမှာ “ဆုံးရှုံးနေတဲ့အသက်တွေက ကျနော်တို့ရဲ့ အသက်တွေ၊ စီးကျနေတဲ့သွေးတွေက ကျနော်တို့ရဲ့သွေးတွေလို့ ရေးထားပါတယ်။ ခရီးသည်တယောက်က အဲဒါက စဉ်းစားတွေခေါ်မှုကို တွန်းပေးလိုက်တဲ့ စာသားပဲဗျလို့ ပြောပါတယ်။  အဲဒါက ကျနော့်ရဲ့ ၀င်ငွေ တိုးအောင်လည်း လုပ်ပေးခဲ့တယ်ဗျ။ အခုတော့ ကျနော်က တနေ့ ၅ ဒေါ်လာ ၆ ဒေါ်လာ ရနေပြီလေ” လို့ ပြောပါတယ်။

ပါကစ္စတန်ဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ် ကျော်ကျော်ကတည်းက အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒတွေ ဖွံ့ဖြိုးမြင့်တက်လာတဲ့ နေရာအဖြစ် ရှုမြင်ခံခဲ့ရပါတယ်။ လူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။

ခရီးသည် ပို့ဆောင်ရေးသမား မန်ဇူးဝါး အာမက်အာရိန်းလို သည်းခံခြင်းတရား ပျံ့နှံ့ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
"နိုင်ငံမှာ ငြိမ်းချမ်းရေးရှိရမှာပေါ့ဗျာ။ အစိုးရရော၊ ပြည်သူတွေရော  အဲဒါကို သိမြင်ဖို့ လိုပါတယ်။ ကျနော်သားက ကရာချီမှာ အလုပ်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီကိုလာပြီး အကြမ်းဖက်မှု တရားဥပဒေကင်းမဲ့မှုတွေထဲမှာ အသေခံမယ့်အစား ငတ်ပြီး သေတာက ပိုကောင်းတယ်လို့ ကျနော် သူ့ကို ပြောလိုက်တယ်လေ။"

လန်ချားမောင်းသမား မိုဟာမက်ဆာလ်ဖာရတ်ကတော့ ပိုပြီး ငြိမ်းချမ်းတဲ့ အနာဂတ်တခု ဆီကိုဆက်ပြီး သူလန်ချားကို မောင်းနှင်းနေဦးမှာ ဖြစ်ပါတယ်။

အာရှဒေသသတင်းဆောင်းပါးအတွက် သတင်းထောက် နာအင်းမ်ဆာဟိုတာရာက ဆေးအိဖ်ခန်နဲ့အတူ ပါကစ္စတန်နိုင်ငံ ကရာချီမြို့ကနေ သတင်းပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013