DVB Logo
Home
သတင်းတို
မိုးရာသီ ကားအရောင်းပြပွဲကြီး လုပ်မည်
DVB
·
September 16, 2013
Donate to DVB

လာမယ့်အောက်တိုဘာ ၁၇ ကနေ ၂၀ ရက်နေ့အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းက တပ်မတော်ခန်းမမှာ မိုးရာသီ ကားအရောင်းပြပွဲကြီးတခု ကျင်းပပြုလုပ်မယ်လို့ smart business group တာဝန်ရှိသူတယောက်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

အဲဒီပြပွဲမှာ ကားတင်သွင်းရောင်းချသူတွေရဲ့ ပြခန်းတွေ၊ ကားပစ္စည်းအရောင်းဆိုင်တွေ၊ ပြိုင်ကားတွေ၊ ကားတင်သွင်းတဲ့ ၀န်ဆောင်မှုလုပ်ဆောင်သူတွေရဲ့ ပြခန်းတွေ၊ စက်ယန္တရားတွေ၊ ချောဆီနဲ့ အင်ဂျင်ဝိုင်အရောင်းဆိုင်တွေပါ ပါဝင်မယ်လို့ သူက ရှင်းပြပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရသစ် လက်ထက် လောလောဆယ် ရန်ကုန်မှာ ကားဟောင်းလဲတာအပါအ၀င် ကားအစီးရေ ၂ သိန်းလောက် တိုးပွားလာတယ်လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားထားပြီး ကားဝယ်လိုအားကလည်း ပုံမှန်အတိုင်း ရှိနေဆဲလို့ ကားဝယ်ရောင်းသမားတွေဆီကနေ စုံစမ်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013