DVB Logo
Home
မြန်မာသတင်း
Thai PBS ရုပ်သံဌာနက ကိုဗစ်-၁၉ သတင်းများ မြန်မာဘာသာဖြင့် ထုတ်လွှင့် 
DVB
·
January 12, 2021
Thai PBS ရုပ်သံဌာနက ကိုဗစ်-၁၉ သတင်းများ မြန်မာဘာသာဖြင့် ထုတ်လွှင့် 
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံရဲ့ လက်ရှိ ကိုဗစ်-၁၉  ကူးစက်မှုအခြေအနေတွေသိရဖို့  ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Thai PBS ရုပ်သံ သတင်းဌာနကနေ မြန်မာဘာသာစကားနဲ့ပါ သတင်းတွေ ထုတ်လွှင့်ပေးနေပါတယ်။

ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကစတင်ခဲ့ပြီး အထူးသဖြင့် ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ စီမံကွပ်ကဲရေးဗဟိုဌာန Center for Covid 19 Situation Administration (CCSA)ရဲ့ နေ့စဉ်ထုတ်ပြန်ချက်အခြေအနေတွေကို မြန်မာဘာသာနဲ့ ဘာသာပြန် ထုတ်လွှင့်ပေးတာပါ။ 

ဒါ့အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေနဲ့ ပတ်သက်တဲ့ အသိပညာပေးအစီအစဉ်၊ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေပေါ် ပြုစုကုသပေးတာနဲ့  ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆက်သွယ်မေးမြန်းချက်တွေ၊ ရောဂါကူးစက်မှုမြင့်မားနေတဲ့ နေရာက မြန်မာလုပ်သားတွေရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ ဆက်သွယ်မေးမြန်းချက်တွေပါ တင်ဆက်ထားပါတယ်။  

အစီအစဉ်တင်ဆက်သူတွေမှာ ရည်မွန်ခြူး၊ ဒေါက်တာ ဟိန်းထက်အောင်၊ မိုးနေခြည်တို့ ဖြစ်ပြီး မြန်မာ၊ ထိုင်း၊ အင်္ဂလိပ်ဘာသာတွေနဲ့ ဆက်သွယ်ဖလှယ် ဘာသာပြန်ထုတ်လွှင့်ပေးနေတာ ပါ။  

Thai PBS ဒစ်ဂျစ်တယ်လ်တီဗွီ ချနယ်လ် ၃ မှာ နေ့စဉ် မနက် ၁၁ နာရီခွဲမှာ စောင့်ကြည့်နိုင်ပြီး ယူကျုနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေမှာလည်း ကြည့်ရှုနိုင်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်က စမွတ်စခွန်းခရိုင် မဟာချိုင်ရှိ ပုစွန်ဈေးကြီး ကနေ ထိုင်းအမျိုးသမီးတစ်ယောက်ထံမှ ကိုဗစ်-၁၉ ပိုးတွေ့ ရှိပြီးတဲ့နောက် ပုစွန်ဈေးအနီးအနား တဝိုက်နဲ့ ဆမွတ်ဆာခွန်းမြို့တဝိုက် မြန်မာရွှေ့ပြောင်းလုပ်သား အမြောက်အမြားရှိရာနေရာနဲ့ စက်ရုံအလုပ်ရုံတွေကို ဦးတည်စစ်ဆေးခဲ့ရာမှာ ထောင်နဲ့ချီတဲ့အလုပ်သမားတွေ ကိုဗစ်-၁၉ ကူးစက်ခံထားရတာ တွေ့ခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ရွှေ့ပြောင်းလုပ်သားပေါင်း   ၂၈၃၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013