DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဇဘဏ်က ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေ ကျပ်သန်း ၃၀၀၀ လှူဒါန်း
DVB
·
January 11, 2021
ကမ္ဘောဇဘဏ်က ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေ ကျပ်သန်း ၃၀၀၀ လှူဒါန်း
Donate to DVB

မြန်မာ့ထိပ်တန်းဘဏ်တခုဖြစ်တဲ့ ကမ္ဘောဇဘဏ်က ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေ ကျပ်သန်း ၃၀၀၀ ထည့်ဝင်လှူဒါန်းလိုက်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ကို ဗစ်-၁၉ ကာကွယ်ဆေးတွေဝယ်ယူနိုင်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းထားခဲ့ပြီး ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအဖြစ်   နိုင်ငံတော်က မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့  ကျပ်သန်း ၁၀၀၀  စတင် ထည့်ဝင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆပ်ကော်မတီကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်မှာ ဘဏ်အကောင့် ၂ ခု ဖွင့်လှစ်ထားတာလို့ စီမံကိန်း၊ ဘဏ္ဍာနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ရန်ပုံငွေအတွက် နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 မှာ နိုင်ငံတော်က မတည်ရန်ပုံငွေ အဖြစ် ကျပ် ၃၃၈ ဘီလီယံလောက်နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ စတင် ထည့်သွင်းပေးထားမှာဖြစ်သလို မြန်မာငွေစာရင်းအမှတ် OA 013733 မှာလည်း နိုင်ငံတော်က မြန်မာကျပ်ငွေ သန်း ၁၀၀၀ ကို စတင်ထည့်သွင်းထားပါတယ်။

ကာကွယ်ဆေးဝယ်ယူဖို့အတွက် ပြည်တွင်းပြည်ပကနေ ပါဝင်လှူဒါန်းလိုကြတဲ့ ပြည်သူတွေ အနေနဲ့ အထက်ပါ ဘဏ်စာရင်းတွေမှာ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့လည်း အသိပေးကြေညာ ထားပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်တွင်း ထိပ်သီးလုပ်ငန်းရှင်တချို့က ပါဝင်လှူဒါန်းမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က ကာကွယ်ဆေး ရန်ပုံငွေအတွက် ငွေကျပ် ၂ ဘီလီယံ၊ ဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကအမေရိကန်ဒေါ်လာ ၁ သန်းခွဲ၊ Capital Diamond Star Group လုပ်ငန်းက  အမေရိကန်ဒေါ်လာ ၁ သန်းလှူဒါန်းထားပါတယ်။

အဲဒီနောက် တပ်မတော်ကလည်း ဇန်နဝါရီ ၇ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ထည့်ဝင်လှူဒါန်း ထားပါတယ်။

လတ်တလောမှာတော့ ကမ္ဘောဇဘဏ်က ကျပ်သန်း ၃၀၀၀ ထည့်ဝင်လှူဒါန်းထားပြီး ကမ္ဘောဇညီနောင်ကုမ္ပဏီများအနေဖြင့် ဒီလှူဒါန်းမှုအပါအဝင် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပြီးခဲ့တဲ့ ၂၀၂၀ ဖေဖော်ဝါရီလ ကတည်းက ဒီကနေ့အထိ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံကျော် လှူဒါန်းထားခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013