DVB Logo
Home
မြန်မာသတင်း
တရားမ၀င် မြန်မာအလုပ်သမား ၂၈ ဦးပါ စက်လှေ မှောက်
DVB
·
September 13, 2013
တရားမ၀င် မြန်မာအလုပ်သမား ၂၈ ဦးပါ စက်လှေ မှောက်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ရေပိုင်နက်မှာ စက်တင်ဘာ ၁၂ ရက်နေ့မွန်းလွဲပိုင်းက မြန်မာအလုပ်သမား ၂၈ ဦးတင်ဆောင်ထားတဲ့ စက်လှေတစီးတိမ်းမှောက်မှုဖြစ်ပွားပြီး အားလုံးကို ကယ်တင်နိုင်တယ်လို့ ထိုင်းနိုင်ငံ ထုတ် မန်နေဂျာအွန်လိုင်းသတင်း ဖော်ပြပါတယ်။

[caption id="attachment_43370" align="alignleft" width="300" caption="စက်လှေမှောက်ပြီးကယ်ဆယ်ခံရသည့် တရားမ၀င် မြန်မာအလုပ်သမားများကို ဖမ်းဆီးထားစဉ်"][/caption]

အဲဒီစက်လှေဟာ ထိုင်းတောင်ပိုင်း ရနောင်းခရိုင် ကော့ဖယမ်းကျွန်းအနီးက အန်ဒါမန်ပင်လယ်ပြင်ထဲမှာ နစ်မြုပ်တာဖြစ်ပြီး တချို့က ဖယမ်းကျွန်းရှိရာကို ကူးခတ်ခဲ့သလို အချို့ကိုလည်း ထိုင်းကယ်ဆယ်ရေးလုပ်သားတွေက ရေထဲကနေ ကယ်ဆယ်ခဲ့ပါတယ်။

ဒဏ်ရာရသူတွေကို ကော့ဖယမ်းရွာသားတွေက ရှေးဦးသူနာပြုစုပေးပြီး ထိုင်းတာဝန်ရှိသူတွေက မေးမြန်းစစ်ဆေးရာမှာ သက်သေ အထောက်အထား မရှိတဲ့ အတွက် ရနောင်းမြစ်ဝ ရဲစခန်း မှာ ခေါ်ဆောင်ထားပြီး တရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူဖို့ ပြင်ဆင်နေပါတယ်။

အဖမ်းခံထားရသူတွေထဲမှာ မောင်လေးဖြစ်သူ ပါသွားတဲ့ ရနောင်းက အလုပ်သမားရဲ့ ပြောပြချက်အရ သူ့မောင်လေးနဲ့ သူငယ်ချင်းတွေဟာ မြန်မာပြည်ဘက်ခြမ်းကို ပြန်သွားပြီး ကော့သောင်းကနေ ဖန်ငါးခရိုင် တကော့ပါးမြို့နယ်ကို သွားဖို့ ဖြစ်ကြောင်း ၊ လှေစီးခ တဦးကို ဘတ် ၅၀၀ ပေးရကြောင်း ၊ လမ်းမှာလှေမှောက်တဲ့အတွက် အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်း ခ၇ီးဆောင် အိတ်တွေအားလုံး မှောက်သွားတဲံလှေနဲ့အတူ ဆုံးရှုံးခဲ့ကြောင်း ၊ ကော့ဖယမ်းကျွန်းကို ကူးခတ်အလာ ခရုနဲ့ ကျောက်ဆောင်တွေနဲ့ နင်းမိပွတ်မိပြီး ခြေဖ၀ါးနဲ့ ခြေတောက်တွေမှာ ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေကို ပြောဆိုချက်တွေကို ကိုးကားရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013