DVB Logo
Home
Lead Story
ရခိုင်စစ်ဘေးဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲရှိနေ (ဓာတ်ပုံ) 
DVB
·
January 11, 2021
ရခိုင်စစ်ဘေးဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲရှိနေ (ဓာတ်ပုံ) 
1 / 7
Donate to DVB

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ကိုဗစ်ကာလ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေ မရသလို အစိုးရရဲ့ထောက်ပံ့မှု အနည်းငယ်သာ ရတဲ့အတွက် စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေးတွေမှာ အခက်အခဲရှိနေတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့က ပြောပါတယ်။ 

ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေကို ကူညီပေးနေတဲ့  ရက္ခဒါနဖောင်ဒေးရှင်းမှ  ဘဏ္ဍာရေးမှူး ဦးမောင်အေးသာက “စားနပ်ရိက္ခာ အဆင်မပြေဘူး။ သူတို့လူနေမှုစနစ်ကိုလည်း အဆင်ပြေအောင်မထားနိုင်ဘူး။ ပထမရှေ့ပိုင်းမှာဆိုရင် ICRC တို့၊ IOM၊ WFP၊ IRC တို့ ထောက်ပံ့တယ်၊ ဒါပေမဲ့ အခုကိုဗစ်ကာလမှာ လုံးဝထောက်ပံ့မှု မရှိဘူး။ အစိုးရအဖွဲ့အစည်းတွေပေးတာလည်း ကျနော်တို့မှာ လစဉ်တိုင်းမရဘူး။ ”

ရခိုင်ပြည်နယ်မှာ လက်ရှိတိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်ဘေးရှောင်တွေမှာ မိမိနေရပ်ကို မပြန်ရဲသလို စစ်ဘေးရှောင်ဦးရေဟာလည်း  ထပ်တိုးလာနေတာကြောင့် စားသောက် နေထိုင်ရေး တွေမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရလို့ အလှူခံပြီးကူညီပေးနေရတယ်လို့လည်း  ပြောပါတယ်။

လက်ရှိ ကမ်းထောင်းကြီးမြို့က စစ်ဘေးရှောင်စခန်းမှာ  အိမ်ထောင်စု ၄၀၀ ကျော်ရှိလာကာ နေထိုင်ရေးမှာလည်း အခက်အခဲတွေရှိနေပြီး ဆောင်းရာသီဖြစ်တာကြောင့် အနွေးထည်နဲ့စောင်တွေပါ လိုအပ် နေတာကြောင့် အစိုးရအနေနဲ့ရော နိုင်ငံတကာအဖွဲ့ အစည်းတွေပါ အမြန်ဆုံးလာရောက် ကူညီပေးဖို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေက တိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် သိန်းနဲ့ချီရှိနေတာဖြစ်ပြီး နိုဝင်ဘာ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ ၂၀၂၀  ရွေးကောက်ပွဲ အပြီးမှာတိုက်ပွဲတွေရပ်ဆိုင်းနေလို့ ဒုက္ခသည်တချို့ နေရပ်ပြန်သွားခဲ့ကြတာလည်း ရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013