DVB Logo
Home
မြန်မာသတင်း
၁၇၉ မြို့နယ်က မဲစာရင်း ၅ ပုံ ၁ ပုံခန့် ထပ်နေ၊ မသမာမှုဖြစ်နိုင်ဟု တပ်မတော် ထုတ်ပြန်
DVB
·
January 10, 2021
၁၇၉ မြို့နယ်က မဲစာရင်း ၅ ပုံ ၁ ပုံခန့် ထပ်နေ၊ မသမာမှုဖြစ်နိုင်ဟု တပ်မတော် ထုတ်ပြန်
Donate to DVB

မြို့နယ်ပေါင်း ၁၇၉ မြို့နယ်က မဲစာရင်းတွေကို စိစစ်ရာမှာ ၅ ပုံ ၁ ပုံလောက်က ထပ်နေတာ၊ မသမာမှုဖြစ်နိုင်တာကို တွေ့ရတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။


တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ်ပေါင်း ၂၀၀ ကျော်ရဲ့ မဲစာရင်းတွေကို တပ်မတော်က စိစစ်ထုတ်ပြန်နေတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၉ ရက်အထိ ၁၃ ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။


စုစုပေါင်း စိစစ်ထားတာမှာ ၁ ကြိမ်ထက်ပိုပြီး မဲပေးခွင့်ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းက ၁၆၀၄၄၁၆၊ မဲမသမာမှုဖြစ်နိုင်တဲ့စာရင်းက ၂,၃၅၀,၃၀၁ ဖြစ်တာကြောင့် စုစုပေါင်း ၃,၉၅၄,၇၁၇ ရှိတယ်လို့ ဆိုပါတယ်။


အဲဒီ ၁၇၉ မြို့နယ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲရလဒ်ထုတ်ပြန်ချက် ဆန္ဒမဲပေးခွင့်ရှိသူပေါင်းက ၂၀,၅၅၇,၉၅၁ ဖြစ်တယ်လို့ ဆိုပါတယ်။


တပ်မတော်က စိစစ်နေတယ်ဆိုတဲ့ မဲစာရင်းတွေဟာ အပြီးသတ်မဲစာရင်းမဟုတ်ဘဲ ပြင်ဆင် ဖြည့်စွက်တာတွေ မလုပ်ခင်က စာရင်း ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောထားပြီး အွန်လိုင်းက မဲစာရင်းတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။


ဒီအပေါ်မှာ တပ်မတော်ကတော့ တချို့မြို့နယ်တွေမှာ နောက်ဆုံးမဲစာရင်းကို စိစစ်တာဖြစ်ပြီး တချို့မြို့နယ်တွေမှာတော့ နောက်ဆုံးမဲစာရင်းမဟုတ်ဘဲ  ဒုတိယအကြိမ် မဲစာရင်းတွေနဲ့ စိစစ်ခဲ့တာလို့ တုံ့ပြန် ထုတ်ပြန်ထားပါတယ်။


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အထွေထွေ ရွေးကောက်ပွဲကြီးကို မကြာခင်က အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။


ဇန်နဝါရီ  ၈ ရက်က ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေ၊ သင်တန်းသား အရာရှိကြီးတွေနဲ့ Video Conferencing နဲ့ တွေ့ဆုံပြောခဲ့တာဖြစ်ပြီး တပ်မတော်သားတွေ အနေနဲ့လည်း လွတ်လွတ်လပ်လပ် ဆန္ဒမဲတွေ ပေးနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။


ရွေးကောက်ပွဲ မကျင်းပမီကပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုတယ်လို့ အကြိမ်ကြိမ်ပြောကြားခဲ့ပြီး ရွေးကောက်ပွဲကျင်းပပြီးနောက် ပြန်လည်ဆန်းစစ်ရာမှာ တရားမမျှတတဲ့ အခြေအနေတွေ၊ မရိုးသားတာတွေကို တွေ့လို့ ဝေဖန်ထောက်ပြနေရတာလို့ ဆိုပါတယ်။


တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတော့ ၁၃ ကြိမ်အထိ ထုတ်ပြန်ထားခဲ့ပြီးသား သူတို့ စစ်ဆေးထားတဲ့ စာရင်းတွေကို ဒီနေ့ နောက်တကြိမ် ပြန်ပြီး ထုတ်ပြန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013