DVB Logo
Home
မြန်မာသတင်း
TNLA ဖမ်းထားသည့် မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းအား ပြန်လွှတ်ပေးရန် မိသားစုမေတ္တာရပ်ခံ
DVB
·
January 9, 2021
TNLA ဖမ်းထားသည့် မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းအား ပြန်လွှတ်ပေးရန် မိသားစုမေတ္တာရပ်ခံ
Donate to DVB

ဖမ်းဆီးခံထားရတဲ့ SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းဟာ ကျန်းမာရေး မကောင်းတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ TNLA အဖွဲ့ကို မိသားစုဝင်တွေက ဇန်နဝါရီ ၉ ရက်နေ့မှာ မေတ္တာရပ်ခံလိုက်ပါတယ်။


မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန်မှာ အရပ်ဝတ်ဝတ်ဆင်ထားတဲ့ တအာင်းပလောင်လက်နက်ကိုင်အဖွဲ့ TNLA အဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာပါ။


TNLA က အသက်အန္တရာယ်မရှိစေရေး အာမခံထားပေမယ့် တစ်လကျော်ကြာချိန်အထိ ပြန်မလွတ်လာသေးတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ညီဖြစ်သူ ဦးကျော်လင်းက ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားခဲ့တာပါ။


“ကျနော့်အကိုက ကျန်းမာရေးမကောင်းဘူး။ အချိန်တိုအတွင်း ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ဦးကျော်လင်းကပြောပါတယ်။


မိသားစုဝင်တွေက အခုဖြစ်စဉ်တွေအတွက် ဘယ်အဖွဲ့အစည်းကိုမှ အပြစ်မတင်လိုဘဲ ဦးကျော်ဝင်းကို ပြန်လွှတ်ပေးဖို့ပဲ မေတ္တာရပ်ခံကြပါတယ်။


ဦးကျော်ဝင်း အဖမ်းခံရတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက TNLA ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေး‌ ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ဆီကိုလည်း အကူအညီတောင်းတဲ့ မေတ္တရပ်ခံစာပေးပို့ထားပါတယ်။


FPNCC ကို ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA တပ်ဖွဲ့က ဦးဆောင်နေတာဖြစ်ပြီး ဝ တပ်ဖွဲ့က အကူအညီပေးလိမ့်မယ်လို့လည်း ဦးကျော်ဝင်းရဲ့ မိသားစုဝင်တွေက မျှော်လင့်နေကြပါတယ်။


လက်ရှိအချိန်အထိ TNLA ဘက်က ဦးကျော်ဝင်းကို ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး ဆက်သွယ်တာမျိုး၊ ငွေကြေးတောင်းခံတာမျိုးမရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013