DVB Logo
Home
မြန်မာသတင်း
ဒီဘဏ္ဍာနှစ်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေထဲက အလုပ်အကိုင် နှစ်သောင်းခန့် ဖန်တီးပေး
DVB
·
September 11, 2013
ဒီဘဏ္ဍာနှစ်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေထဲက အလုပ်အကိုင် နှစ်သောင်းခန့် ဖန်တီးပေး
Donate to DVB

ယခုဘဏ္ဍာနှစ်မှာတော့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေက ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ် အများဆုံး ၀င်ရောက်မှုရှိခဲ့လို့ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလန်း နှစ်သောင်းခန့် ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုက ယခုဘဏ္ဍာနှစ်ရဲ့ ၅ လတာ (ဧပြီ ၁ ရက်ကနေ ဩဂုတ်လ ၃၁ ရက်) ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ စီးဝင်မှုရှိခဲ့ပြီး အများစုကလည်း ကုန်ထုတ်လုပ်မှု ကဏ္ဍအပေါ် ရင်းနှီးမြုပ်နှံမှုရှိခဲ့တယ်လို့ သိရပါတယ်။

အခုစီးဝင်မှုရှိခဲ့တဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေက ကုန်ထုတ်လုပ်မှုကဏ္ဍဖြစ်တဲ့ အထည်ချုပ်လုပ်ငန်း အပေါ် အများဆုံးရင်းနှီးမြုပ်နှံမှု ရှိခဲ့ပြီး Nissan မော်တော်ယာဉ် ထုတ်လုပ်တဲ့ လုပ်ငန်းကလည်း ဒီဘဏ္ဍာနှစ်အတွင်းမှာ ၀င်ရောက်လာတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။

လက်တလောမှာတော့ ပြည်ပကနေ ၀င်ရောက်ရင်းနှီးမြုပ်နှံမှုရှိတဲ့ နိုင်ငံတွေစာရင်းထဲမှာ ဆိုရင်လည်း အရှေ့အာရှနိုင်ငံတွေဖြစ်တဲ့ ကိုရီးယား၊ဟောင်ကောင်၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေက ပြည်တွင်း ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ်မှာ အများဆုံး ရင်းနှီးမြုပ်နှံမှုရှိနေတယ်လို့ ရင်းနှီးမြုပ်နှံမှုနှင့် ကုမဏီများ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

ဒါကြောင့် ယခုဘဏ္ဍာနှစ်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုက ပြည်တွင်း ကုန်ထုတ်လုပ်မှု ကဏ္ဍအပေါ် အများဆုံးဝင်ရောက်မှုရှိခဲ့တာကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက်ဖန်တီးပေး နိုင်ခဲ့တယ်ဆိုတာကို သူက အခုလို ပြောပါတယ်။

“ကျွန်တော်တို့က အထည်ချုပ်စက်ရုံတစ်ရုံ ပေးလိုက်လို့ရှိရင် အလုပ်အကိုင် အခွင့်အလမ်းက လူတစ်ထောင်လာက် အလုပ်အကိုင် ရရှိတာဖြစ်တယ်။ ယခုဘဏ္ဍာနှစ်ထဲမှာ အထည်ချုပ်စက်ရုံအတွက် ခွင့်ပြုပေးခဲ့တာ စက်ရုံ ၂၀ ကျော်ရှိသွားပါပြီ။ ဒီတော့ အကြမ်းဖျဉ်း ပြောရရင် လူနှစ်သောင်းအတွက် အလုပ်အကိုင် အခွင့်အလမ်းကို ဖန်တီးပေးနိုင်ခဲ့ပြီလို့ ပြောလို့ ရပါတယ်။ ပြီးတော့ အထည်ချုပ်စက်ရုံဆိုတာက သိပ်အကြာကြီး မစောင့်ရဘူး။ ဘာလို့လဲ ဆိုတော့ သူက လုပ်ကိုင်ခွင့်အတွက် ပါမစ်စတင်ချပေးတဲ့ အချိန်ကစလို့ ၆ လအတွင်းမှာ စက်ရုံစတင် လည်ပတ်ရတာ ဖြစ်တယ်။ ဒါကြောင့် အထည်ချုပ်စက်ရုံ တမျိုးတည်ကနေ အလုပ်အကိုင် အခွင့်အလမ်းက လူနှစ်သောင်းလောက်အတွက် ဖန်တီးပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးတော့ ဒီနှစ်အနေအထားကတော့ တိုင်းပြည်အတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ၀င်ရောက်တဲ့ အခြေအနေက ကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။”

ပြည်တွင်းမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုက ယခုဘဏ္ဍာနှစ်မှာတော့ ကန်ဒေါ်လာ ၃ ဘီလီယံခန့် ၀င်ရောက်စီးဆင်းမှုရှိမယ်လို့ မျှော်မှန်းထားတဲ့အကြောင်း ဦးအောင်နိုင်ဦးက ပြောပါတယ်။

ရင်းနှီးမြုပ်နှံမှုနဲ့ ကုမဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ  ပြည်တွင်းမှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ပမာဏက ကန်ဒေါ်လာ ၄၃ ဒသမ ၆ ဘီလီယံ ကျော် ရှိပါတယ်။ ဒါပေမယ့် စုစုပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏရဲ့ ၄၄ ရာခိုင်နှုန်းကတော့ စွမ်းအင်ကဏ္ဍအပေါ် အများဆုံး ရင်းနှီးမြုပ်နှံထားရှိပြီး ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍအပေါ် ၃၂ ရာခိုင်နှုန်းနဲ့ ဒုတိယ အများဆုံး ရှိနေကာ ကုန်ထုတ်လုပ်မှု ကဏ္ဍအပေါ်မှာတော့ ၇ ရာခိုင်နှုန်းဖြင့် တတိယ အများဆုံးအဆင့်မှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013