DVB Logo
Home
မြန်မာသတင်း
နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဘီလီယံရဖို့ မျှော်မှန်း
DVB
·
September 11, 2013
နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဘီလီယံရဖို့ မျှော်မှန်း
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ အခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ၅ လတာကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးကနေ ကုန်သွယ်မှုပိုငွေ  အမေရိကန်ဒေါ်လာသန်း ၄၆၀ ကျော် ပိုမိုရရှိနေပြီဖြစ်တယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။ ယခုဘဏ္ဍာရေးနှစ်စတင်တဲ့ ဧပြီ ၁ ရက်ကနေ  ဩဂုတ် ၃၀ ရက်အထိ  ၅ လတာကာလအတွင်းမှာ

နယ်စပ်ကုန်သွယ်ရေးကနေ  စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ပမာဏက အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံရှိနေတာ ဖြစ်ပါတယ်။
ဒီအထဲမှာ သွင်းကုန်ပမာဏက ဒေါ်လာသန်း ၇၁၀ ကျော်ဘဲရှိတာကြောင့် လက်ရှိမှာတော့ နယ်စပ်ကုန်သွယ်မှုမှာ ကုန်သွယ်မှုပိုငွေက ဒေါ်လာသန်း ၄၆၀ ကျော်  ပိုမိုရရှိထားပြီးဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

ဒါအပြင်  အခုဘဏ္ဍာရေးနှစ်မှာ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် ကာလတူအချိန်အတွင်း နယ်စပ် ကုန်သွယ်မှုနဲ့ ယှဉ်ရင် ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာသန်း ၃၉၀ ကျော် ပိုမိုတိုးတက်မှု ရှိနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် ၁ နှစ်လုံးမှာတော့ နယ်စပ်ကုန်သွယ်ရေးကနေ ကုန်သွယ်မှုပမာဏ တန်ဖိုး ဒေါ်လာ ၃ ဒဿမ ၇ ဘီလီယံရရှိခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်မှာတော့ ကုန်သွယ်မှုတန်ဖိုးက ဒေါ်လာ ၅ ဘီလီယံ ရရှိဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မျှော်မှန်း ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် ယခုဘဏ္ဍာရေးနှစ်မှာတော့ ကုန်သွယ်မှုပမာဏတန်ဖိုးက ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ ပိုမိုရရှိဖို့အတွက် လတ်တလော လုပ်ဆောင်ဖို့ ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောပါတယ်။

လက်ရှိ ရရှိတဲ့ နယ်စပ်ကုန်သွယ်မှု စာရင်းတွေအရ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်းဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးစခန်းက ကုန်သွယ်မှု အများဆုံးဖြစ်ပြီး သူ့နောက်မှာ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မြ၀တီနယ်စပ်ကုန်သွယ်ရေးက ဒုတိယအဆင့်မှာ ရှိနေတယ်လို့ သိရပါတယ်။ မူဆယ်နယ်စပ်စခန်းကနေ အဓိကပို့ကုန်ကတော့ လယ်ယာထွက်ကုန်နဲ့ ရေထွက်ကုန်ဖြစ်ပြီးတော့ ကျောက်မျက်တင်ပို့မှုပါ ရှိပါတယ်။  သွင်းကုန်အနေနဲ့ စားသောက်ကုန်နဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို အများဆုံးတင်သွင်းမှု ရှိပါတယ်။  အလားတူ မြ၀တီနယ်စပ်ကုန်သွယ်ရေးမှာလဲ လယ်ယာထွက်ကုန်နဲ့ ရေထွက်ကုန်ကို တင်ပို့မှုရှိပြီး သွင်းကုန်အနေနဲ့ စားသောက်ကုန်တင်သွင်းမှုရှိနေတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013